လရောင်.စာရေးဆရာမမဟုတ်ပါစိတ်ထွက်ပေါက်လေးတစ်ခုလုပ်ထားတာဖြစ်တဲ့ အတွက်မျက်စိလည်လမ်းမှားရောက်လာသူအားလုံးကိုကျေးဇူးအထူး...

Monday, September 19, 2011

@@@ အိမ် @@@



ကမ္ဘာမြေမှာခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်..
ရံရွေလယ်ထည်ဝါစွာဆင်စွယ်နန်းအိမ်...
ကျူထရံတွေကာရံကာဓနိမိုးအိမ်...
နှလုံးသားတွေနွေးထွေးရင်..ဒါဟာလည်းအိမ်...

အိမ်တစ်အိမ်မှာမှီတည်ရာဘာသာတရားတွေ..
ကမ္ဘာမြေကိုဖြူစင်စွာအကြင်နာမျှဝေ..
ပိုင်ဆိုင်ရာ တွယ်တာရာဒီရင်သွေးတွေ..
ဆည်းလည်းသံလှိုက်ခတ်စေ..ဒီချစ်ခြင်းတွေ..
ကလေးလေးတွေနွေးထွေးဖို့ လေ..
ကမ္ဘာမြေမှာအိမ်တစ်အိမ်ဆောက်ကြမယ်လေ..
မြင့် မြတ်ခြင်းတွေနွေးထွေးခြင်းတွေ..
ကမ္ဘာမြေမှာငြင်သာစွာစီးဆင်းလို့ လေ...

အိမ်အပြင်မှာဝါပင်တွေကိုယ်တိုင်စိုက်မယ်..
ကိုယ်တိုင်ခင် ၀ါချည်မျှင်ဒီသဘက်ရယ် ..
အိမ်အပြင်မှာကိုယ်တိုင်ထွန်ကိုယ်တိုင်စိုက်တဲ့ ..
စပါးရိတ်ချိန်ဝိုင်းဖွဲ့ မယ်..ဆန်အရက်ရယ်..

ဒီအချိန်ဆို အိမ်ကပြင်မှာကဗျာတွေရွတ်မယ်..
လာပါကွယ် အိမ်ကပြင်မှာ ဂစ်တာတီးမယ်..
ရင်ခွင်မှာကြင်နာသူချိုအနမ်းရယ်..
ချစ်မိတ်ဆွေ စည်းချက်ညီအတူတူကမယ်..

ကလေးလေးတွေနွေးထွေးဖို့ လေ..
ကမ္ဘာမြေမှာအိမ်တစ်အိမ်ဆောက်ကြမယ်လေ..
မြင့် မြတ်ခြင်းတွေနွေးထွေးခြင်းတွေ..
ကမ္ဘာမြေမှာငြင်သာစွာစီးဆင်းလို့ လေ..

ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာအိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်..
အဆောင်အယောင်တွေမဆင်ယဉ်ပေ.ရင်ခွင်အိမ်ပျော်ရွှင်ပါစေ..
ဒဏ္ဍာရီ ရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါံရီအိမ်.

တစ္ဆေတစ်ကောင်ဟန်ဆောင်သလိုမာယာကင်းမဲ့ ..
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့ ..
ကံစီရင် ယုံကြည်စွာကမ္ဘာမြေမှာ..
တို့ အိမ် .....
ငါတို့ အိမ် ..................
ရဲရင့် လိုက်...............................
ချစ်တဲ့ အိမ် တို့ ဆောက်ကြမယ်.............။

ဓီမိုရာ..ရဲ့ အိမ်...သီချင်းလေးပါ..

မိုးစက်တွေထဲမှာ.................


မိုးစက်တွေထဲမှာ.....

ငါ့ အမုန်းတွေများပါနေလားးး

မိုးစက်တွေထဲမှာ...

ငါ့သတိရခြင်းတွေလားးးး

မိုးစက်တွေထဲမှာ...

အေးမြခြင်းတွေလားးးး

မိုးစက်တွေထဲမှာ...

ခါးသီးခြင်းတွေလားးးး

မြန်မာပြည်ကမိုးရေစက်တွေ...

အေးမြနေချိန်မှာ..

စလုံးကမိုးရေစက်တွေ....

ခါးသက်နေလေရဲ့ .....

မုန်းတယ်.....မိုး..ရေ..စက်...

@@@ အွန်လိုင်းပုံပြင် @@@


















on line.. တဲ့ ..on lie.ဆိုရင်လည်းမ
ှန်လိမ့် မယ်..
လူတိုင်းကမျက်နှာဖုံးကိုယ်စီနဲ့ 
အသက်၄၀ လဲ..၁၈နှစ်ဖြစ်ခ
ျင်လို့ ရတယ်
မိန်းမလဲယောက်ျား..ဖြစ်ချင်လို့ ရတယ်
married လဲ single..လုပ်
တကယ့် ဇာတ်ရှုပ်
ကိုဇော်ပြောဖူးတယ်..ဘာတဲ့ 
ခုခေတ်က
၄၀ကျော်လဲ
စကတ်အတိုဝတ်ရင်
မမခေါ်တဲ့ ခေတ်တဲ့ 
ဒါပေမယ့် လဲ..ဒီထဲမှာပဲပျော်ဝင်..
အင်တာနက်များတစ်ရက်မသုံးရရင်လေ.
သေများသွားမလားပဲ...
ကိုယ့် ကိုကိုယ်ပြောတာပါ..
( တစ်ကယ်တော့ ဘယ်ဟုတ်မလဲ )
ကောင်းတဲ့ ဘက်ကလှည့် တွေးရင်တော့ ..
အင်တာနက်ဆိုတာလေ..
ကိုယ်ဖြစ်ချင်သလိုဖြစ်လို့ ရတဲ့ နက်ရေကန်ပေါ့ 
ဟုတ်တယ်ဟုတ်..
သစ္စာတွေမေတ္တာတွေဖောဖောသီသီသုံးလို့ ....
တခါတစ်လေကျတော့ လည်းအသည်းကွဲပြန်တယ်..
သိက္ခာတရား..ကိုယ်ကျင့် တရားတွေလည်း
online ဆိုတဲ့ မျက်နှာဖုံးအောက်မှာပျောက်ဆုံးးး
လူတိုင်းတော့ မဟုတ်ဘူးပေါ့ ....
ဒါပေမယ့် လေ..အင်တာနက်ဆိုတာ
သုံးတတ်ရင်တော့ တကယ့် ရတနာသိုက်ကြီးပေါ့ ..
laptop တစ်လုံးရှေ့ ချလို့ ..ကမ္ဘာကြီးတစ်ခုလုံး..
ငါ ကြည့် လို့ ရတယ်..
ကဲ.....ဘယ်သူဘာပြောမလဲ..............။။
မှတ်ချက်။ ။ မည်သူ့ ကိုမျှမရည်ရွယ်ပါ.......စိတ်ကူးတည့် ရာများဖြစ်သည့် အတွက်တိုက်ဆိုင်မှုရှိပါကကြိုတင်တောင်းပန်ပါကြောင်းး။။
@@@ လရောင်ချို @@@

Sunday, August 21, 2011

ကောသလမင်းကြီး အိပ်မက် ၁၆ချက်

ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ

မြတ်စွာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့တဲ့ အိပ်မက်တစ်ဆယ့်ခြောက်ချက်ပါ။

အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။

အဆိုပါ အိပ်မက် ၁၆ ချက်ကတော့ . . . အောက်ပါအတိုင်းဖြစ်ပါတယ်။အဲဒီ တစ်ဆယ့်ခြောက်ချက်ကို ဖတ်ပြီး ဘယ်အချက်တွေက ယခုခေတ်ကာလမှာ ဖြစ်နေကြပြီဆိုတာ စဉ်းစားကြည့်ကြပါ။


(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။


နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။


(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။

နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။

နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။


နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။

နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏။

နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စားကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေ၏။

နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏။

နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။

နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားကုန်၏။

နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်ကုန်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုကုန်၏။

နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြကုန်၏။


နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြကုန်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။ဖော်ပြခဲ့ပြီးတဲ့ အချက်(၁၆)ချက် ထဲမှာ ယခုခေတ် ဘယ်လိုအချက်တွေဖြစ်နေကြပြီဆိုတာ အားလုံးသိကြမှာပါ။

ကိုးကား

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ)

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)



Friday, August 19, 2011

မိန်းမတစ်ယောက်ရဲ့  ဖွင့်ဟ၀န်ခံချက် by ဂျူး - Ju

မိန်းမနှင့်အချစ်


ယောက်ျားတစ်ယောက်အတွက် အချစ်ဆိုသည်မှာ ယောက်ျားအတ္တကို စိတ်ကျေနပ်ရောင့်ရဲမှုပေးနိုင်စရာ အခိုက်အတန့်ကြားခံနယ်တစ်ခုဖြစ်သော်လည်း မိန်းမတစ်ယောက်အတွက်တော့ အချစ်ဆိုသည်မှာ ခြေစုံပစ်ဝင်လိုက်ရသော နယ်ပယ်သစ်တစ်ခုသာဖြစ်သည်။ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီမိန်းမနဲ့ပတ်သတ်သမျှ အရာရာကို သူတစ်ဦးတည်း စိုးမိုးပိုင်ဆိုင်လိုခြင်းပဲ ဖြစ်ပါတယ်။ သူချစ်တဲ့မိန်းမ သူတစ်ယောက်တည်းအပေါ် စွဲလမ်းတမ်းတအောင် သူဘယ်လိုဆွဲဆောင်ကြိုးစားရမလဲဆိုတဲ့ လောဘနဲ့အတ္တဟာ ယောက်ျားရဲ့အချစ်ဖြစ်တယ်။ ဒါပေမယ့် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ဘ၀ဟာ ယောက်ျားရဲ့ ဘ၀ထဲကို အလိုအလျောက် စီးဝင်သွားရတယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ်ဘာတွေပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းမတိုင်းမှာရှိနေပါတယ်။ ဒါဟာ မိန်းမရဲ့ဗီဇစိတ်သာဖြစ်တယ်။ စွန့်လွှတ်အနစ်နာခံမှုလည်း မဟုတ်ဘူး။ ဒါဟာ အလိုအလျောက် ဖြစ်ပေါ်တဲ့ အညံ့ခံစိတ်ပါ။ ဒါကို မြင့်မြတ်မှုလို့ ကိုယ်မပြောလိုပါဘူး။ ဖြစ်ချင်းဖြစ်ရင် ဒါဟာ မိုက်မဲမှုသာ ဖြစ်ပါလိမ့်မယ်။

မိန်းမတွေကို မိုက်မဲတဲ့သတ္တ၀ါတွေ ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ သတ္တ၀ါတွေအဖြစ် ဟိုးရှေးကာလတွေကတည်းက စကားပုံတွေ ၊ ပုံဝတ္ထုတွေနဲ့ ခိုင်းနှိုင်းကိုးကားပြောခဲ့ကြတယ်။ ဒါဟာ မိန်းမတွေဘက်က နာစရာလို့ထင်ရပေမယ့် အထိုက်အလျောက်တော့လည်း မှန်ကန်နေပြန်ပါတယ်။ ယောက်ျားတွေရဲ့အချစ်ဟာ ဘ၀မှာအစိတ်အပိုင်းတစ်ခုသာဖြစ်တယ်။ မိန်းမတွေရဲ့အချစ်ကတော့ သူမရဲ့ဘ၀တစ်ခုလုံးသာဖြစ်တယ်။ ဘ၀တစ်ခုလုံးကို ပုံအပ်ရင်းနှီးပြီးချစ်လိုက်ရတဲ့ မိန်းမတစ်ယောက်မှာ ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ်မှုအပိုင်းက ဘယ်မှာလဲ ၊ ဘယ်နေရာမှာများရှိနေနိုင်ဦးမှာလဲကွယ်။

မိန်းမနှင့်ပတ်ဝန်းကျင်

မိန်းမတွေရဲ့ ဂုဏ်သရေကို ပတ်ဝန်းကျင်က အကဲဖြတ်သတ်မှတ်ပေးတတ်တဲ့အတွက် မိန်းမတွေဟာ ပတ်ဝန်းကျင်အကဲဖြတ်မှုကို စိုးရွံ့တွန့်ဆုတ်ကြလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ဖိအားကို သွေးအေးအေးနဲ့ အာခံတွန်းလှန်သူတွေဟာ ယောက်ျားတွေမဟုတ်ဘဲ မိန်းမတွေဖြစ်တယ်လို့ ကိုယ်ကောက်ချက်ချရင် မောင်အံ့သြသွားမှာလား။ ကိုယ့်ချစ်သူသာ ကိုယ့်ဘက်မှာ ရပ်တည်ပါစေ။ ပတ်ဝန်းကျင်တစ်ခုလုံး ၊ လောကတစ်ခုလုံးနဲ့ ဆန့်ကျင်ရမယ်ဆိုရင်တောင် မိန်းမတွေဟာ ဆန့်ကျင်ရဲတယ်။ ပတ်ဝန်းကျင်နဲ့သူမကြားမှာ ချစ်သူရှိနေသရွေ့ ချစ်သူဟာ အဲဒီမိန်းမအတွက် မဟာရံတံတိုင်းကြီးတစ်ခုပါပဲ။
အဲဒီလောက်အထိ မိန်းမတွေဟာ ချစ်သူအပေါ် အားကိုးယုံကြည်ကြပါတယ်။

မိန်းမနှင့်လက်ထပ်ခြင်း

ယောက်ျားနှင့်မိန်းမအကြား တစ်သက်တာ အတိုင်းအဆမဲ့ရင်းနှီးစွာ တာဝန်ယူနိုင်ရန် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကတိသစ္စာဖြင့် လက်ထပ်ကြသော်လည်း လက်ထပ်ခြင်းအပေါ် နားလည်ခံစားပုံခြင်း အလွန်ကွာခြားပါသည်။ ယောက်ျားသည် မိန်းမကို မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မြေယာတို့အနက် တစ်ခုအပါအ၀င်ဖြစ်သော တပ်မက်ဂုဏ်ယူစွာ စောင့်ရှောက်ရမည့် ပစ္စည်းသစ်တစ်ခုဖြစ်လာရန် လက်ထပ်ယူလေ့ရှိပြီး မိန်းမသည် ယောက်ျားကို တစ်သက်တာ မိမိအားအကာအကွယ်ပေးမည့် လေးစားမြတ်နိုးဖွယ် ကောင်းကင်သစ်တစ်ခုအဖြစ် လက်ထပ်ခြင်းဖြစ်သည်။

အိမ်ထောင်သည်ဘ၀ အချစ်ဆိုတာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တွဲဖက်ပြီးကရတဲ့ သိမ်မွေ့နက်နဲတဲ့ ကကြိုးကကွက်တွေနဲ့ တူပါတယ်။ နှစ်ယောက် အပေးအယူမျှဖို့အတွက် တစ်ယောက်က ရှေ့ကိုခြေလှမ်းတစ်လှမ်းရင် နောက်တစ်ယောက်က နောက်ကို တစ်လှမ်းဆုတ်ပေးရလိမ့်မယ်။ ကကွက်ကိုဦးဆောင်သူက ယောက်ျားဖြစ်ပြီး နောက်ကလိုက်တဲ့သူဟာ မိန်းမဖြစ်တယ်။ ဦးဆောင်သူရဲ့ ပီတိကျေနပ်မှုကို နောက်ကလိုက်သူကသာ စွမ်းဆောင်ပေးအပ်ရလေ့ရှိတယ်။

ယောက်ျားတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ လိုက်လျောရလို့ ကျဆင်းသွားတဲ့ယောက်ျားမာနတွေ ၊ လူသားမာနတွေကို သူ့ဇနီးဆီကနေ ပြန်ပြီးဖြည့်ယူလေ့ရှိပါတယ်။ အိမ်ထောင်သည် ချစ်ခြင်းအနုပညာမှာ ခင်ပွန်းသည်ရဲ့ ဖန်တီးပုံသွင်းမှုအတတ်ပညာက အရေးကြီးတယ်ဆိုရင် ဇနီးသည်ရဲ့ပျော့ပျောင်းလိုက်လျောမှု အတတ်ပညာဟာလည်း အရေးကြီးပါတယ်။ ယောက်ျားတစ်ယောက်ဟာ သူ့ဇနီးသည်ကို မာကျောတဲ့ အဖိုးတန်ကျောက်တုံးတစ်တုံးဖြစ်ဖို့ထက် ပျော့ပျောင်းပြီး ပုံသွင်းဖို့လွယ်ကူတဲ့ ရွှံ့စေးတုံးကလေးဖြစ်ဖို့ ပိုပြီးဆန္ဒရှိတယ်ဆိုတာ ကိုယ်သိတယ်။

ကိုယ်တို့မိန်းမတွေဟာ ယောက်ျားတွေရဲ့ အတ္တနဲ့မာနကို အမြဲထည့်သွင်းစဉ်းစားပေးခဲ့သလောက် ယောက်ျားတွေကတော့ မိန်းမတွေရဲ့အတ္တနဲ့မာနကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့ကြဘူး။ မိန်းမတွေဟာ သူတို့ချစ်တဲ့ ယောက်ျားတွေအပေါ် ဘယ်လောက်ပဲ သည်းညည်းခံလိုက်လျောနေပေမယ့် နောက်ကွယ်မှာ ငုပ်လျိုးနေတဲ့ မိန်းမသားမာနဆိုတာရှိတယ်။ အဲဒီမာနကို အကြိမ်များစွာ ထိပါးခံရတဲ့အခါ မိန်းမဟာ သူချစ်တဲ့ ယောက်ျားအပေါ် မထင်မှတ်တဲ့ တုံ့ပြန်မှုမျိုးပေးလိုက်မိတတ်ပါတယ်။ မိန်းမတွေဟာ အနိုင်မယူချင်ကြပါဘူး။ သူတို့လိုချင်တာ မျှတမှု ၊ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် နားလည်လိုက်လျောမှုပါ။ ဒါပေမယ့် ဒီလောက်အတိုင်းအတာလေးတောင် ကိုယ်တို့မရခဲ့ကြပါဘူး။ တစ်ချိန်ချိန်မှာ ရလေမလားလို့ စောင့်ဆိုင်းရတဲ့ ကာလကြာရှည်လာတာနဲ့အမျှ ကိုယ်တိုင်တောင်မသိနိုင်တဲ့ အတ္တဟာ တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။
မိန်းမတစ်ယောက်က ယောက်ျားအပေါ် အနိုင်ရတယ်ဆိုတဲ့နေရာမှာ အလွန်ဆုံးစိတ်ခံစားမှုကိုသာ အနိုင်ရတာပါ။ အဲဒီယောက်ျားရဲ့ဘ၀နဲ့ ပတ်ဝန်းကျင်အပေါ်မှာတော့ ဘယ်နည်းနဲ့မှ အနိုင်မရနိုင်ပါဘူး။ ယောက်ျားတစ်ယောက်က မိန်းမအပေါ်အနိုင်ရပြီဆိုရင်တော့ မိန်းမရဲ့စိတ်ခံစားမှုကိုသာမက ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်မိန်းမရဲ့ ဘ၀နဲ့မိန်းမအပေါ် အကဲဖြတ်ကောက်ချက်ချမယ့် ပတ်ဝန်းကျင်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ အရှုံးဟာ အချိန်ကာလ ကန့်သတ်ချက်ရှိပေမယ့် မိန်းမတစ်ယောက်ရဲ့ အရှုံးကတော့ အချိန်ကာလ ကန့်သတ်လို့မရတဲ့ တစ်ဘ၀စာအရှုံးပါပဲ။ ကိုယ်တို့မိန်းမတွေဟာ မိန်းမဖြစ်နေသမျှ ယောက်ျားတွေနဲ့ ညီမျှတဲ့ အခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မှာမဟုတ်ဘူး။ နောက်ဆုံးတော့ ကိုယ်ကောင်းကောင်းသဘောပေါက်ခဲ့ရပါပြီ။

လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် သည်ကြိုးဟာ ၊ ယောက်ျားကိုချည်နှောင်တဲ့ကြိုး မဟုတ်ဘဲ ဇနီးဖြစ်သူကိုသာ ချည်နှောင်ထားတဲ့ကြိုးဖြစ်တယ်´။။။
ကြိုက်လို့  facebook ကကူးလာတာပါ...မူရင်း link က
https://www.facebook.com/note.php?note_id=114197585286806

Tuesday, August 2, 2011

လရောင်.....ဝေး ...

စလုံးရဲ့ မိုးစက်တွေကပဲ..သစ္စာမရှိခဲ့ တာလားးး
ဒီမိုးကြောင့် ပဲ..................
စလာတုန်းကသယ်စရာတွေအများကြီးပဲ...
ကျမကြိုက်လို့ ဝယ်ထားတဲ့ ပစ္စည်းတွေ..
ကျမသုံးလက်စပစ္စည်းတွေ..
ဒီပစ္စည်းတွေထားခဲ့ ရတယ်...
ဒါပေမယ့် သူမှာတဲ့ သင်္ကံန်း နှစ်စုံတော့ သယ်ဖြစ်အောင်သယ်ခဲ့ ပေးပါတယ်.
ဒါကလဲ..သင်္ကံန်းဖြစ်နေတာမို့ ပေါ့ ..
ဒါပေမယ့် အဲဒီသင်္ကံန်းတွေ..ကျမတစ်ခုမှကိုယ်ထိလက်ရောက်မကပ်ခဲ့ ဘူးး
သူပဲကပ်ခဲ့ တာပါ..
သူခေါ်ခဲ့ ဖူးတယ်..သူ နေတဲ့ အိမ်..
သူတက်တဲ့ ကျောင်း..
သူ့ ပတ်ဝန်းကျင်..
ကျမတခါမှမသွားခဲ့ ဘူးး
ဒါကပဲ...သူနဲ့ ကျမတဖြည်းဖြည်းဝေးသွားစေခဲ့ တာလား..
ရောက်ခါစ...ပတ်ဝန်းကျင်အသစ်မှာအားငယ်နေချိန်မှာ..
သူညတိုင်းPH ဆက်ခဲ့ တယ်....
သီချင်းတွေဆိုပြခဲ့ တယ်.....
ပြီးတော့ သူ့ အလိမ်ညာစကားတွေကြားမှာကျမပျော်ဝင်ခဲ့ တာ....
ခုတော့ လဲအိပ်မက်တွေပါပဲ...
မိုးတွေသည်းနေတဲ့ ..ညသန်းခေါင်မှာ..
တယောက်တည်း ညဂျူတီ..
အဖော်ကတော့ ..PH ပေါ့ ...
အပြောင်းအလဲတွေအဲဒီက............

Saturday, July 30, 2011

လရောင်.....ဝေး ..

မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ ...
စလုံးရဲ့ ညနေခင်းတစ်ခုမှာ..ကျမသူ့ ကိုပြန်တွေ့ ခဲ့ တယ်....
အဲဒီနေ့ ကကောင်းကင်ကြီးက...ကဗျာဆန်ဆန်နဲ့ လှမနေခဲ့ ဘူးးး
မတွေ့ တာကြာလို့ တော်တော်ပြောင်းလဲနေမလားးးလို့ ထင်ခဲ့ ပေမယ့် ..
အဲလောက်ကြီးလဲမဟုတ်ခဲ့ ဘူးးးအဲဒီနေ့ က
သူကျမလက်ကိုကိုင်ခဲ့ သလားးးခုတော့ လဲစဉ်းစားလို့ တောင်မရတော့ ဘူး..
ဒီကိုလာခဲ့ တာလည်းသူ့ ကြောင့် လားးဆိုတာ..
မဟုတ်ဘူးလို့ တော့ ..မငြင်းချင်ဘူး..ဒါပေမယ့် ..
ရောက်လာတယ်ဆိုတော့ လည်းတွေ့ ချင်မိတာတော့ ..၀န်ခံပါတယ်...
အိမ်ကအတန်တန်မှာရက်နဲ့ ပေါ့ ..
အရမ်းကြီးမျှော်လင့် ခဲ့ တာမဟုတ်ပေမယ့် ..ကျမထင်ထားတာတွေသူရိုက်ချိုးခဲ့ တာ..
လေဆိပ်ရောက်ကတည်းကပဲ...
သူလာမယ်လို့ ဆိုပေမယ့် သူမရောက်လာခဲ့ ဘူး...
အဲဒီအစား...အမရဲ့ ph ကနေသူ့ အသံကသာဆီးကြိုခဲ့ တာ...
တောင်းပန်မှုတွေတသီကြီးနဲ့ ပေါ့ ..
ကျမ..သိပ်ပြီးအာရုံမထားတော့ တာ...အဲဒီကစတာပါပဲ................

Thursday, July 21, 2011

အချစ်စွမ်းအားးးးးးး



သီချင်းလေးကြိုက်လို့ ပါ...................................

ခေါင်းစဉ်မရှိ.............................

သံယောဇဉ်တဲ့ လားးး
သွားစမ်းပါခပ်ဝေးဝေး..
နှလုံးသားဆိုတာသော့ ခတ်
ဦးနှောက်နဲ့ ယှဉ်ပြီးဆုံးဖြတ်
စံတွေ..မူတွေ..ဘောင်တွေဖြတ်..
တကယ်တော့ ..
ငါကသတ္တိရှိလို့ တစ်ယောက်တည်းနေတာမဟုတ်ပဲ..
သတ္တိနည်းလို့ ခပ်ဝေးဝေးပြေးနေတာပါ..
အရင်ကလည်းကြောက်ခဲ့ .
ခုလည်းမ၀ံ့ရဲ....
နောက်တော့ ရော.........
ဒီလိုနဲ့ ပဲ...........................
...................
.......

Wednesday, July 6, 2011

နင့် အတွက်..ဆို...

နင်က..ကောင်းကင်ကြီးဖြစ်ခဲ့ ရင်...
ငါက..နေမင်းကြီးးးး
နင်က..ပင်လယ်ကြီးဖြစ်ခဲ့ ရင်...
ငါက..ရေလှိုင်းလေးးးး
နင်က..လမင်းကြီးဆိုရင်လေ...
ငါက...ကြယ်ပွင့် ကလေးးးး
နွေမှာဆိုရင်...နင့် အတွက်..
အရိပ်အေးအေးးးး
မိုးမှာဆိုရင်...နင့် အတွက်
ထီးကလေးးး

ဆောင်းမှာဆိုရင်..
နင်လိုအပ်မယ့် အနွေးထည်လေးးးး
နင့် အတွက်.....
နင့် အတွက်ပေါ့ ....................

Wednesday, June 29, 2011

နေရစ်တော့ ....

ပုံပြင်ဟောင်းလေးးး
နားထောင်ချင်တယ်...
အိပ်မက်ဟောင်းလေးးး
မက်ချင်တယ်....
သူဆိုပြတဲ့ ..သီချင်းဟောင်းလေးးးး
နားထောင်ချင်တယ်...
သူတီးတဲ့ ဂစ်တာသံလေးးး
နားထောင်ချင်တယ်...
ဟောင်းနေလဲ..ကောင်းနေဆဲ..လို့ 
့ထင်မြင်တုန်းမှာပဲ...
ကဲ...........
အရာတိုင်းဟာ...ကိုယ့် ဘေးမှာအသစ်
သွားပေအုန်းတော့ အတိတ်ဟောင်းရယ်....
အတိတ်ဆိုတာကျန်ရစ်ပြီမို့ ...
အနာဂါတ်အသစ်..ဆီသို့ ....
တခါတလေတော့ လဲ..
ဧဒင်အိပ်မက်ကလေးးးမက်ရင်းနဲ့ ပေါ့ ..

သန်းခေါင်ယံအတွေးးးး

.....................
ဒီလိုညမျိုး...မှာ..
ကောင်းကင်မှာ...ကြယ်တွေလင်းလက်မနေသလို...
လရောင်လဲ..ထွန်းလင်းမနေခဲ့ တာ..
ငါ့ ရင်ထဲကလိုပဲ....လေ...
ရာသီဥတုကလည်း...မမှန်ချင်ဘူးထင်ပါရဲ့ ..
တခါတလေ...မိုးကထစ်ချုန်းရွာတတ်သေးတယ်..
မှောင်မှောင်မိုက်မိုက်ညအလယ်မှာ..
အိပ်မပျော်နိုင်တဲ့ သူတယောက်ရှိနေတာ..
ဘယ်သူသိနိုင်မှာလည်း....
မျှော်လင့် မိပါရဲ့ ...
မနက်မိုးလင်း..နံနက်ခင်းရောက်ရင်လေ..
့ကျေးငှက်သံစီစီနဲ့ ..
နေရောင်တောက်ပတဲ့ ရှုခင်းလှလှ..
တွေ့ ရမယ်လို့ ပေါ့ .....
မှောင်မိုက်တဲ့ ညတွေကို..
အိပ်မက်လှလှနဲ့ လဲ..ကျော်ဖြတ်ချင်မိရဲ့ ..
တကယ်တမ်းကျတော့ ..
ငါဟာ...
အိပ်မက်ထက်..လက်တွေ့ ကိုသာ..
လက်ခံတတ်တယ်ဆိုတာ..
ငါမေ့ လျော့ နေမိတာ..
မိုးလင်းတဲ့ အထိပါပဲလားးးးးး။။။

Saturday, May 28, 2011

exist!!!!

အချစ်ဆိုတာ.....ဘာလဲ..
ဘာလဲ..ဘာလဲ...
နီးစပ်မှုလား....
နားလည်မှုလား....
ကြင်နာမှုလား....
နာကြင်မှုလား...
ဟန်ဆောင်မှုတွေလား......
ချုပ်ချယ်မှုတွေလား....
တကယ့် တကယ်ကျတော့ လည်းးးးး
အဟားးး
ဝေးဝေးနေတာပဲကောင်းပါတယ်....
ဒီညတော့ အပီရီချင်နေတယ်.............
အလကားးးးးးးးးးးးးးးးးးးးးးးး
ခုမှအကြောင်းစုံ...သေချာသိတော့ တယ်...တော်သေးတာပေါ့.... :P

Saturday, April 30, 2011

ခြားနားခြင်း...............

ဘ၀ဆိုတာလေ…မျှော်မှန်းတာတွေနဲ့ ..
လက်တွေ့ နဲ့ ကတစ်ခြားစီ..ဖြစ်တတ်တယ်ကောင်လေးရေ..
နင်သိရဲ့လား..
တစ်ခါတစ်လေ..အချစ်ဆိုတာဘ၀မှာအရေးမကြီးပါဘူး.
ဒါပေမယ့် တစ်ခါတစ်ရံကျတော့ …သူကလေးလဲရှိအုန်းမှ..
အနားမှာလူတွေရှိနေပေမယ့် ..ရင်ထဲကမပါရင်..
ဘယ်လိုနေရမလဲ.....
စဉ်းစားရုံနဲ့ တင်.အသက်ရှူများတောင်ကျပ်မိပါရဲ့ ..
ဒီလိုနဲ့ ပဲတစ်ယောက်တည်းဘ၀မှာနေသားကျနေခဲ့ တာ..
ဒါပေမယ့် ငါ့ အနားမှာဘယ်သူမှမရှိတာမဟုတ်ဘူး..
ကောင်လေးရေ..နင်နားရှုပ်သွားမလား..
ငါ့ အနားမှာ…နင်မဟုတ်တဲ့ ..
ငါ့ ကို..အရူးအမူးတပ်မက်တဲ့ 
သူတွေအများကြီး..ရှိခဲ့ ဖူးတယ်…
ခုလဲရှိနေတုန်းပဲ..
သူတို့ ဘာကိုမက်မောတာလဲငါမသိဘူး..
ငါ့ ကလှလို့ လား..

ငါ့ ရဲ့ အသံကပဲ..သူတို့ အတွက်သာယာစေတာလား..
အဲဒါတွေတစ်ခုမှမဟုတ်တာလည်းငါသိနေတယ်
သေချာတာက..သူတို့ အပေါ်ငါတကယ်မကောင်းခဲ့ ပါဘူး
တယောက်ကိုမှချစ်တယ်ဆိုတဲ့ စကားငါမပြောခဲ့ဘူး..
ငါ့ ကိုချစ်လားလို့ မေးခဲ့ မိတာလည်းတစ်ယောက်တည်းပါပဲ..
ခုချိန်လေ…ငါ့ ဘေးမှာငါမချစ်တဲ့ သူတွေအများကြီးပဲကောင်လေးရဲ့ ..
ဒါပေမယ့် ငါလေ…
သတိရနေမိတာနင်တစ်ယောက်တည်းပါ...
နင်ငါ့ ကိုချစ်မလားလို့ လည်းရူးရူးမိုက်မိုက်မျှော်လင့် မိနေပြန်သေးတယ်..
အချစ်ဆိုတာသိပ်ဆန်းကျယ်တယ်ဆိုတာ..
ငါနဲနဲတော့ လက်ခံလာပြီ….

.........တကယ်တော့ ...စိတ်ကူးနဲ့ လက်တွေ့ ဆိုတာ.........

just dreamming!!!!! :)

တစ်ခါတစ်လေ…
ဘာ..ဘာ..ဘာမှမရှိတဲ့ ဘ၀..မှာနေချင်ပါရဲ့ ..
သူနဲ့ အတူပေါ့ ..
အဲဒီဘ၀မှာ…
ငွေတွေအများကြီးရှိဖို့ မလိုဘူး…
အလုပ်တွေလည်းအများကြီးလုပ်စရာမလိုဘူး..
ပကာသနတွေလည်းမလိုဘူး..
ဂုဏ်တွေလည်းမလိုဘူး..
ပြီးတော့ ဟန်ဆောင်မှုတွေလည်းမလိုဘူး..
ကိုယ်ရယ်..
သူရယ်…
ပြီးတော့ ..နားလည်မှုရယ်
နွေးထွေးမှုရယ်...
ကြင်နာမှုရယ်..
နောက်ဆုံး…အချစ်....ဆိုတာရယ်...နဲ့ 
အေးအေးချမ်းချမ်းလေးပေါ့ …
အဲဒါတွေပြည့် စုံဖို့ ငါ့ အနာဂါတ်မှာ..
နင်ရော..ပါမှာလား..

..............အင်း...ဘာတွေလဲတော့ မသိဘူး.......... :P

စိတ်ကူးတည့် ရာ..............

တစ်ခါတစ်လေ…ငါလွမ်းမိပါရဲ့ ….
ခုချိန်နင်ဘာများလုပ်နေမလဲ...
ငါ့ ကိုများသတိရနေမလား...
ကဗျာတွေပဲရေးနေမလား...
စာတွေပဲရေးနေမလား...
သီချင်းတွေပဲဆိုနေမလား...
သူငယ်ချင်းတွေနဲ့ များပျော်နေမလား...
ငါကတော့ …အဝေးကြီးမှာ..
ဒီအရပ်မှာနင်မရှိဘူး..
အလုပ်တွေမရှိဘူး....
အင်တာနက်မရှိဘူး...
ဒါပေမယ့် ငါ့ ကိုချစ်တယ်လို့ ထင်ရတဲ့ 
ငါ့ အဖေရှိတယ်..
ငါ့ အမေရှိတယ်..
ငါ့ မမကြီးရှိတယ်..
ငါ့ ညီမလေးရှိတယ်..
ငါ့ အိမ်ရှိတယ်…
ငါ့ ပတ်ဝန်းကျင်ငါ့ ရွာ…ငါ့ ကမ္ဘာလေးပေါ့ ..
ဒါတွေကြားမှာငါနင့် ကိုသတိရနေတယ်..
နင်ကတော့ မေ့ လောက်ရောပေါ့ ..
ငါမတွေးချင်ပေမယ့် လည်း.
စိတ်ထဲမှာနင်...ရှိနေတာဘယ်လိုလုပ်ရပါ့ 


အိမ်မှာပျင်းလို့ လျှောက်ရေးထားတာလေးတွေပါ....

Tuesday, March 22, 2011

အမှတ်တရပိတောက်.....


ပိတောက်ပန်း
မခူးချင် စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့ ဇမ်ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေေ၀နဲ့ သူလဲလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ
ထူးပါဘိတယ်.
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့ သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ် ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်ရ်ျ
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်
အရေးအခါသာမှ ခမျာမှာတစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
သံချိုကဗျာ ဇော်ဂျီ.....

Tuesday, March 15, 2011

သီချင်းးးး

မဆိုတတ်ပဲကိုယ့် ဘာသာဆိုထားတာ....နားပိတ်ပြီးထောင်ရင်ပိုကောင်းတယ်... :P
ပြန်တော့ ကွယ်တဲ့ ...သီချင်းနာမည်က :)
ပြန်တော့ နော်.... ဒါတောင် 5 star ပေးတယ်ဆိုပဲ..ဟိဟိ..
အသံမကောင်းပါဘူးဆိုမှ...အိမ်လာလည်တယ်ဆိုရင်တော့ နားထောင်သွား..ဒါပဲ :)
ဝိုင်းစုတော့ ဟုတ်ဘူး..အဲဒါလရောင်... :P

Friday, March 4, 2011

သင့် ကျန်းမာရေးအတွက်ဒါတွေသိရဲ့ လား...

အာလူးကကျန်းမာရေးအတွက်ဘယ်လိုအထောက်အကူပြုပါသလဲ....

...အာလူးမှာ vitamin B ,folic နဲ့  သတ္ထုဓာတ်တွေအမြောက်အများပါဝင်တဲ့ အတွက်ခုခံအားစနစ်ကို

မြှင့် တင်ပေးနိုင်ပါတယ်။

လိမ္မော်ရောင်ရှိတဲ့ အသီးအနှံတွေဘာကြောင့် စားသင့် ပါသလဲ ..

...လိမ္မော်ရောင်သီးနှံတွေမှာပါတဲ့ alpha carotine ကနှလုံးနဲ့ သွေးကြောရောဂါတွေ၊ကင်ဆာရောဂါနဲ့ တခြားအန္တရာယ်ပေးနိုင်တဲ့ ရောဂါတွေဖြစ်ပွားတာကိုလျှော့ ချပေးပါတယ်။ alpha carotine ဓာတ်ကြွယ်ဝတဲ့ 
ရွှေဖရုံသီး၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥတွေစားပေးသင့် ပါတယ်။

ညဘက်အိပ်မပျော်ရင်ဆေးသောက်သင့် ပါသလား...

အိပ်မပျော်တဲ့ အခါအိပ်ဆေးသောက်တာမျိုးမလုပ်ပါနဲ့ ။ အိပ်ဆေးပုံမှန်သောက်ရင်နောက်ပိုင်းဆေးမတိုးပဲ
ဖြစ်သွားပါလိမ့် မယ်။ သဘာဝအတိုင်းအိပ်ပျော်အောင်ကြိုးစားပါ။

Sunday, February 13, 2011

အချစ်တဲ့ လားးးးးးးးးးး

လူတွေအမျိုးမျိုးပြောခဲ့ ကြတယ်...
အချစ်ဆိုတာ..ပေးဆပ်ခြင်း..
အချစ်ဆိုတာ...ရယူခြင်း..
အချစ်ဆိုတာ...စွန့် လွှတ်အနစ်နာခံခြင်း..
အချစ်ဆိုတာ...နူးညံ့ ခြင်း..
အချစ်ဆိုတာ...နွေးထွေးခြင်း..
အချစ်ဆိုတာ...ရင်ခုန်ခြင်း
အချစ်ဆိုတာ..မွှေးပျံ့ ခြင်း....
အချစ်ဆိုတာ................
တစ်ချို့ ကပြောပြန်တယ်....
အချစ်ဆိုတာ...ကိုယ့် ဘ၀...
အချစ်ဆိုတာ..ဘ၀ရဲ့ ..ဆူးခလုတ်တစ်ခု..
အချစ်ဆိုတာ...ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလေးပါ..
အချစ်မရှိ..ဘ၀မရှိ
အချစ်ဆိုတာ....စိတ္တဇနာမ်တစ်ခု..
..တစ်ချို့ ကျတော့ လဲ......
အချစ်ကြောင့် ..ပျော်ရွှင်ကြတယ်..
အချစ်ကြောင့် ...၀မ်းနည်းရတယ်...
အချစ်ကြောင့် ...ပူဆွေးရတယ်...
အချစ်ကြောင့် ...ရူးသွပ်ကြတယ်
အချစ်ကြောင့် ..ဘ၀ခရီးသာယာကြတယ်...
အချစ်ကြောင့် ...ဘ၀ပျက်ကြတယ်...
အချစ်ကြောင့် ..သေဆုံးကြတယ်...
အချစ်ကြောင့် ...အချစ်ကြောင့် ..အချစ်ကြောင့် ....
သေချာတာကတော့ ...အဲဒါငါမသိသေးတဲ့ အကြောင်းအရာတွေပေါ့ ...
.....ဘာမဆိုင်ညာမဆိုင်
..ဒီလိုနေ့ မျိုးမှ...
... ငါ့ နှလုံးဘယ်ဘက်ခြမ်းကနဲနဲနာနေတယ်
.........

...တွေးမိတွေးရာလေးတွေပါ..

Valentine's Day ပေါ်ပေါက်လာပုံ

အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ
စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင်
စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ
ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ ဇနီး မယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ ပဲ နေချင်ကြတယ်..။

ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်..
စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း
ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ
စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့်
စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့
မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ
အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး
အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုန်းကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထပ်ပွဲတွေကို
သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့်
အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ်
မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့
့သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။
မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး
သေဒဏ်ချမှတ် လိုက်ကြတယ်..။

သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့
လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ
မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊
သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။
အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က
ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ
အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့
ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from
your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင်
ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်..
အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်

"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။

American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို
သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas
လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက
ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။

' ' .. ချစ်တတ်သူတိုင်း ပျော်ရွှင်ကြပါစေ .. ' '


ဖေဖော်ဝါရီ … အဖြူရောင်နှင်းတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ကြဲဖြန့် … ဟေမန်က နွေကိုကြိုဖို့ နှင်းစက်တွေကို အားရပါးရ အရင်းပြုနေချိန် …

အမှတ်တရတွေဖြစ်ဖို့ အမှတ်တမဲ့က အစပြုလာခဲ့သလား …?
အချစ်”ကို လလေးတွေနဲ့ ပုံသဏ္ဍန်တွေ အမျိုးမျိုးနဲ့
ခိုင်းနှိုင်းပြောတတ်ကြပါတယ် … တချို့က အချစ်ဆိုတာကို
ကိုယ်တိုင်ကြုံတွေ့ဖူးပြီး ကိုယ်ပိုင်ခံစားချက်တွေ ထုတ်ခဲ့ကြသလို
သူများခံစားချက်တွေကို နားလည်နိုင်သူတွေလည်း ရှိခဲ့ဖူးကြရဲ့ …
ဒီလိုမှမဟုတ်ဘဲ မကြုံဖူးလို့ နားမလည်နိုင်ဘူး ဆိုတဲ့သူတွေတောင်
ဘယ်လိုပဲဖြစ်ဖြစ်တော့ အချစ်အကြောင်းကို တွေးကြည့်ဖူးကြမှာပဲ … အချင်းချင်း
အတွေ့အကြုံတွေ ဖလှယ်ဖူးကြမယ် … လမ်းညွှန်ပေးကြဖူးမယ် …
နှစ်သိမ့်ပေးကြဖူးပါလိမ့်မယ် …

ကဲ … ဒီလို … လူသားတိုင်း စိတ်ဝင်စားကြတဲ့ အချစ်နဲ့
ပတ်သတ်ဆက်နွယ်နေသူတစ်ယောက် (ဒါမှမဟုတ်) အများအပြား ရှိနေကြပါလိမ့်မယ် …
ဒါပေမယ့် ခုအချိန်ထိ အားလုံးသိထားသူတစ်ယောက် … သူကတော့
“ချစ်သူများနေ့”ဆိုတဲ့ နေ့ကလေးကို ဖန်တီးထူထောင်ခဲ့တဲ့ သူလဲဖြစ်ပါတယ် …

လူတိုင်း စိတ်ဝင်စားပါတယ်ဆိုတဲ့ သူ့အကြောင်းကို နှစ်၊ လတွေ
ပြောင်းလဲလာတာနဲ့အမျှ တင်စားပြောဆိုတဲ့ ဒဏ္ဍာရီတွေပါ ပြောင်းလဲလာခဲ့ပါတယ် …
စကားလုံး ရွေ့လျားမှုတွေနောက်မှာ သူ့သမိုင်းဟာလဲ ပွားများလာခဲ့ပါရဲ့ …
ဘာပဲဖြစ်ဖြစ် ချစ်သူတွေ၊ ချစ်ခဲ့သူတွေ၊ အချစ်ခံခဲ့ရသူတွေ
အားလုံးအားလုံးကတော့ သူ့ကို လေးစားကြတယ် … သူ့ကို နားလည်ကြတယ် …
သူ့ကိုချစ်ခင်ကြတယ် … သူ့အကြောင်းတွေ သိချင်ကြပါတယ် …
ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine’s Dayအကြောင်း
ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင် အကြီးအကဲ စိန့်ဗယ်လင်တိုင်း (St.
Valentine)ရဲ့ ရောထွေးတိမ်မြုပ်နေတဲ့ သမိုင်းကို ပဟေဠိတွေ ကြားထဲကနေ
အစပြန်ဖော်ပေးဖို့ လိုပါလိမ့်မယ် … ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဆိုတာ
အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီး ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့
ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ် … ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St.
Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာ ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန်
ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ် …
ဒီတော့ စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်ပါရော … အဲဒါကတော့ Valentine’s
Dayနဲ့ ဘာသာရေးသမိုင်းကြောင်း ဘယ်လိုများ ဆက်စပ်နေပါသလဲဆိုတဲ့ မေးခွန်းပါပဲ
…။

ဒဏ္ဍာရီ (၁)
ဒီနေ့ခေတ်မှာ ကတ်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့
Valentineလို့ အမည်တွင်ခဲ့တဲ့ သူတော်စင် (၃)ပါး ရှိခဲ့ပါတယ်တဲ့။
ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတဲ့ ဇာတ်လမ်းအရ Valentineဆိုတာ (၃)ရာစုလောက်က
ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး အဲဒီဘုန်းတော်ကြီးဟာ
ကလောဒီးယပ်စ်(၂) ဘုရင်လက်ထက်မှာ သက်ရှိထင်ရှား ရှိခဲ့တဲ့
ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုပါတယ်။ ဘုရင်ကလောဒီးယတ်စ်ဟာ တိုင်းပြည်မှာရှိတဲ့
အိမ်ထောင်သည်တွေကို စစ်တပ်အတွက် မရွေးချယ်ဘဲ လူပျိုလူလွတ်တွေကို
စစ်မှုထမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တိုင်းပြည်က လူပျိုတွေခမျာ သူတို့ရဲ့
ချစ်သူကြင်သူတွေနဲ့ ဝေးကွာရတဲ့ စိတ်ဒုက္ခကို ခံစားနေခဲ့ရရှာတယ်။ ဘုရင်ကလဲ
လူပျိုတွေ အိမ်ထောင်မပြုရဘူးလို့ အမိန့်ထုတ်ထားတာကိုး။ လူငယ်တွေရဲ့
သနားစရာအဖြစ်ကို မြင်တွေ့ရတဲ့ သူတော်စင် Valentineဟာ ဆုံးဖြတ်ချက်တစ်ခု
ခိုင်ခိုင်မာမာချပြီး ဥပဒေ အပြင်ဘက်ကနေ စစ်မှုထမ်းသူ လူငယ်လေးတွေကို
သူတို့ရဲ့ ချစ်သူတွေနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့
လုပ်ရပ်ကို သိသွားတဲ့အခါ ဘုရင်ကလောဒီးယတ်စ်တစ်ယောက် ဒေါသပေါက်ကွဲပြီး
ရှင်တော်Valentineကို သေဒဏ်ချမှတ်ခဲ့ပါတော့တယ်။

ဒဏ္ဍာရီ (၂)
နောက်ထပ် ရာဇ၀င်တစ်ခုကတော့ သူတော်စင် Valentineဟာ အကျဉ်းခံရသူတွေထဲမှာ
အပါအ၀င် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ အကျဉ်းသား Valentineဟာ
သူ့ဆီကို မကြာခဏ အလည်လာတွေ့တဲ့ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်မိခဲ့တယ်။
ထောင်ထဲမှာ သူမသေဆုံးခင် စာတစ်စောင်ကို ချစ်သူအတွက် ချန်ထားခဲ့ရာမှာ “From
Your Valentine”ဆိုပြီး လက်မှတ်ရေးထိုးခဲ့ပါသတဲ့။ ဒီနေရာမှာ သူရေးခဲ့တဲ့
စာအရေးအသားဟာ ခုခေတ်ရင်ဖွင့်စာတွေမှာ တွေ့နေရတဲ့ အသုံးအနှုန်းနဲ့
သွားပြီးတူညီနေတာ တွေ့ရပါတယ်။ ဒီတော့ ပထမဆုံးသော ချစ်သက်လက်ဆောင်ကို
Valentineက ပေးပို့ခဲ့တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒဏ္ဍာရီ (၃)
အလယ်ခေတ်လောက်က Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ
တော်တော်လေး ခေတ်စားလာခဲ့ပြီး အယူအဆအမျိုးမျိုးလဲ
ဆင့်ပွားပေါ်ပေါက်လာခဲ့ပါတယ်။ တချို့ကတော့ St. Valentineဟာ ခေါင်းဖြတ်ပြီး
အသတ်ခံရတယ်လို့ ယုံကြည်နေကြပြီး နောက်ထပ်လူပြောများတာတစ်ခုက Valentineရဲ့
ရုပ်ကြွင်း (ဒါမှမဟုတ်) အရိုးပြာကို အိုင်ယာလန်နိုင်ငံက ဘုန်းတော်ကြီး John
Sprattအတွက် ပုပ်ရဟန်းမင်းကြီး George XVIက လက်ဆောင်အဖြစ်
ပေးအပ်ခဲ့တယ်ဆိုတာပါပဲ။ အိုင်ယာလန် ဘုန်းတော်ကြီးဟာ တရားဟော
အရမ်းကောင်းတဲ့အတွက် ပုပ်ရဟန်းမင်းကြီးက အထင်ကြီး လေးစားမိပါသတဲ့။
ဒါကြောင့်လဲ ရွှေကွပ်ထားတဲ့ အနက်ရောင် ကြုတ်ကလေးထဲမှာ ထည့်ထားတဲ့ သူတော်စင်
Valentineရဲ့ အရိုးပြာကို ပေးအပ်လိုက်တယ်လို့ သိရပါတယ်။ အိုင်ယာလန်နိုင်ငံ၊
ဒဗ္ဗလင်မြို့၊ Whitefriarလမ်းက ဘုရားကျောင်းမှာ ပြသထားတဲ့ အဲဒီကြုတ်ကလေးကို
Valentine’s Dayရောက်လာတိုင်း လူတွေက သွားရောက်ကြည့်ရှုလေ့ ရှိကြပါတယ်တဲ့။

စတင်ကျင်းပခဲ့စဉ်က …
အေဒီ (၂၇၀)လောက်တုန်းက Valentine Dayကို ဖေဖော်ဝါရီလအလယ်မှာ လူအများစု
ယုံကြည်မှုအရ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက Valentine Day
စားပွဲသောက်ပွဲတွေကို ဘုရားကျောင်းတွေမှာ ကျင်းပခဲ့တယ်လို့ ယုံကြည်ရပါတယ်။
Valentine Dayကို ကျင်းပရင်းနဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Pagan
Lupercaliaပွဲတော်ကို ဆက်နွယ်ကျင်းပဖို့ အခွင့်အခါ ကြုံသွားတော့ Valentine
Dayအပေါ် လူတွေရဲ့ အာရုံစိုက်မှုဟာ ပိုပြီးကြီးမားလာပါတော့တယ်။
ရောမခေတ်တုန်းကတော့ ဖေဖော်ဝါရီလလယ် နွေဦးပေါက်ရာသီကို
သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ခဲ့ပါတယ်။ အိမ်တွေမှာ ဘာသာရေးအရ
ဆေးကြောသန့်စင်မှုတွေ ပြုလုပ်ကြပါတယ်။ ဆားတွေ၊ Speltလို့ခေါ်တဲ့ ဂျုံတွေနဲ့
ကြဲဖြန့်ထားလေ့ ရှိကြပါတယ်။ ဖေဖော်ဝါရီလထဲမှာ ရောမခေတ် အစဉ်အလာအရ
စိုက်ပျိုးခြင်းကို ပိုင်စိုးတဲ့ နတ်ဘုရား Faunusကို ပူဇော်ပသတဲ့
အစဉ်အလာရှိခဲ့ပြီး ရောမနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ Romulusနဲ့
Remusတို့ကို ပူဇော်တဲ့ပွဲတော် ကျင်းပတဲ့ ကာလလည်း ဖြစ်ပါတယ်။
အဲဒီပွဲတော်ကို ကျင်းပဖို့အတွက် Lupercaliaဂိုဏ်းဝင်တွေနဲ့
ဘုန်းတော်ကြီးတွေဟာ သူတို့ငယ်ဘ၀က ခိုအောင်းနေခဲ့တဲ့ ဂူတွေထဲမှာ
စုဝေးကြပါတယ်။ ပြီးတဲ့အခါ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှု အထိမ်းအမှတ်အဖြစ်
ယဇ်ပူဇော်ပြီး ခွေးကိုတော့ သန့်စင်မှု အထိမ်းအမှတ်အဖြစ် ယဇ်ပူဇော်ပါသတဲ့။
ငယ်ရွယ်တဲ့ ယောက်ျားပျိုတွေဟာ ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့်
သွေးထဲမှာစိမ်ပြီး လမ်းတွေပေါ်မှာ ပက်ဖြန်းကြပါတယ်။ မိန်းကလေးတွေကလဲ
သွေးသံရဲရဲ မြင်ကွင်းကို ကြောက်လန့်တာမျိုး မရှိဘဲနဲ့ သူတို့ကိုယ်မှာ
ဆိတ်သွေးတွေကို စိုစွတ်စေပါတယ်။ အဲဒီခေတ် ဓလေ့ထုံးစံအရ မိန်းကလေးတွေဟာ
ဆိတ်သားရေနဲ့ သူတို့ခန္ဓာကိုယ် ထိတွေ့ခြင်းဟာ နှစ်သစ်မှာ
ကောင်းကျိုးချမ်းသာတွေ ရရှိခံစားစေနိုင်မယ်လို့ ယုံကြည်ကြပါတယ်တဲ့။
သမိုင်းမှတ်တမ်းတွေအရ အဲဒီပွဲတော်ချိန်တွေမှာ ရောမမိန်းမပျိုလေးတွေဟာ
သူတို့နာမည်တွေကို ကရားအိုးလေးတစ်လုံးထဲ ထည့်ထားကြပြီး လူငယ်ကာလသားတွေကတော့
အဲဒီကရားလေးထဲက မိန်းကလေးတွေရဲ့ နာမည်ကို မဲနှိုက်ကြပါတယ်။ မဲမှာပါတဲ့
နာမည်ရှင် မိန်းကလေးနဲ့ မဲပေါက်တဲ့လူငယ်လေးဟာ ချစ်သူစုံတွဲတွေအဖြစ် လူတွေက
သတ်မှတ်ပေးကြပြီး နောက်ပိုင်းမှာ လက်ထပ်ပေါင်းသင်းကြတဲ့အထိ
အရေးပါစေခဲ့ပါတော့တယ်။

ပုပ်ရဟန်းမင်းကြီး Gelasiusက အေဒီ(၄၉၈)ခုနှစ် အရောက်မှာ Valentine Dayကို
ဖေဖော်ဝါရီလ (၁၄)ရက်နေ့အဖြစ် သတ်မှတ်တဲ့အကြောင်း တရားဝင်
ကြေငြာလိုက်ပါတော့တယ်။ ရောမခေတ် စုံတွဲရှာတဲ့ဓလေ့ဟာလည်း စနစ်သစ်တစ်ခုအနေနဲ့
ပြဋ္ဌာန်းခံခဲ့ရပါတယ်။ ဒီစနစ်အရ ခရစ်ယန် မဟုတ်တဲ့သူတွေရော၊ ဥရောပဒေသက
မဟုတ်တဲ့သူတွေပါ ဒီပွဲလေးကို ဆင်နွှဲခွင့် ရလာပါတော့တယ်။ တနည်းပြောရရင်တော့
ကိုးကွယ်ယုံကြည်မှု ပွဲတော်လေးကနေ လူတိုင်းပါဝင်နိုင်တဲ့ အထိမ်းအမှတ်
ပွဲတော်လေးအဖြစ် ကူးပြောင်းလာတဲ့ သဘောပါပဲ။ အလယ်ခေတ် ရောက်လာတဲ့အခါမှာတော့
အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကို “ကျေးငှက်တို့
အဖော်ရှာသော ရာသီအစ”လို့ ယုံကြည် သတ်မှတ်လာကြပါတယ်။ အဲဒီနောက်ပိုင်းတော့
ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ကျရောက်တဲ့ Valentine Dayဟာ ချစ်ခြင်းဖွဲ့
သင်္ကေတတစ်ခုအဖြစ် တစ်ကမ္ဘာလုံး လက်ခံယုံကြည်ပြီး အမှတ်တရ ကျင်းပခဲ့ကြတာ
ဒီနေ့အချိန်ထိပါပဲ။

ပထမဆုံး Valentine’s Dayအထိမ်းအမှတ် ကဗျာ …

အစောဆုံး Valentineကဗျာကို ပေးပို့ခဲ့သူကတော့ အော်ရီလန်နယ်စား ချားလ်စ်ပဲ
ဖြစ်ပါတယ်။ လန်ဒန်မျှော်စင်ကြီးမှာ အကျဉ်းကျနေတုန်းက သူ့ချစ်ဇနီးကို
ရေးသားပေးပို့ခဲ့တာပါ။ သူဟာ ပြင်သစ်မင်းဆွေမင်းမျိုး တစ်ယောက်ဖြစ်ပြီး
Agincourtစစ်ပွဲမှာ အင်္ဂလိပ်တွေရဲ့ ဖမ်းဆီးမှုကို ခံရပြီး
လန်ဒန်မျှော်စင်ကြီးမှာ အထီးကျန်စွာ အကျဉ်းချ ခံထားရတာပါ။ (၁၄၁၅)ခုနှစ်က
ရေးခဲ့တဲ့ သူ့ကဗျာနဲ့ မူရင်းလက်ရေးမူကို ဗြိတိန်နိုင်ငံ၊
လန်ဒန်မြို့မှာရှိတဲ့ ဗြိတိသျှအမျိုးသား စာကြည့်တိုက်မှာ မှတ်တမ်းတင်
သိမ်းဆည်းထားပြီး နှောင်းခေတ်လူတွေကို ပြသထားပါတယ်။ နောက်ပြီး
မှတ်တမ်းတွေအရ Henry Vဘုရင်မင်းမြတ်ဟာ စာဆိုတော်တစ်ဦးကို ဆင့်ခေါ်ပြီး
သူ့ချစ်သူ ဗေးလက်စ်မင်းသမီး Catherineဆီ Valentineအထိမ်းအမှတ်
ချစ်သ၀ဏ်လွှာတစ်စောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ချန်ထားလို့မရတဲ့ မြှားနတ်မောင် …
Valentine’s Dayရဲ့ အထိမ်းအမှတ် သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Iconတစ်ခုကတော့
Cupidလို့ခေါ်တဲ့ ဖူးစာရေး မြှားနတ်မောင်လေးပါပဲ။ ကလေးငယ်လေးတစ်ယောက်ရဲ့
ခန္ဓာကိုယ်နဲ့ တောင်ပံလေးတွေပါတဲ့ နတ်ကလေးပါ။ အချစ်နတ်သမီး
Venusရဲ့သားတော်လို့ လူတွေက သတ်မှတ်ထားကြပြီး ရှေးဟောင်းဂရိ
ကျမ်းစာတွေထဲမှာတော့ အလှနတ်ဘုရားမ Aphroditeရဲ့ သားတော် Erosကို
မြှားနတ်မောင်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားပြန်ပါတယ်။

Cardလေးတွေ ပေးကြပြီ …

ဗြိတိန်မှာ (၁၇)ရာစုကစပြီး Valentine’s Dayကို ကြီးကြီးကျယ်ကျင်
ဆင်ယင်နွှဲပျော်ခဲ့ကြပါတယ်။ (၁၈)ရာစု အလယ်လောက်မှာတော့ ချစ်သူစုံတွေတွေသာမက
ပွဲလမ်းသဘင် ကြိုက်နှစ်သက်တဲ့ လူတိုင်းအတွက် အကျုံးဝင်တဲ့ ပွဲတော်နေ့လေး
ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ ချစ်သူခင်သူ အချင်းချင်း အမှတ်တရ
လက်ဆောင်လေးတွေ၊ ကတ်လေးတွေ အပြန်အလှန် ပေးပို့လာကြပါတယ်။ Valentineခေတ်ဦးက
လက်ရေးမူနဲ့ ရေးသားပေးပို့တဲ့ သ၀ဏ်လွှာတွေကို အသုံးများခဲ့ပေမယ့်
နောက်ပိုင်းမှာတော့ ပုံနှိပ်ထားတဲ့ ပို့စ်ကတ်လေးတွေ ပိုပြီး
ခေတ်စားလာပါတယ်။ အဲဒီကတ်လေးတွေမှာ အချစ်ကို သရုပ်ဖော်တဲ့ စာသားလေးတွေ၊
ရုပ်ပုံလေးတွေ ပါလာခဲ့ပြီး အချစ်ရေးမှာ သတ္တိကြောင်တတ်တဲ့ လူငယ်လေးတွေအတွက်
ချစ်သူကို ရင်ဖွင့်ဖို့ အားကိုးအားထားရာ နည်းလမ်းလဲ ဖြစ်လာခဲ့ပါတော့တယ်။
စာပို့ခ သက်သက်သာသာနဲ့ Valentine’s Dayပို့စ်ကတ်လေးတွေ ပို့ပေးတဲ့
ဝန်ဆောင်မှု လုပ်ငန်းလေးတွေ ပေါ်လာပြီးတော့ ချစ်သူတွေကြားမှာ ထိရောက်တဲ့
အကျိုးသက်ရောက်မှုလေးတွေ ရှိခဲ့တယ်လို့လဲ သိရပါတယ်။

လက်ဆောင်ပစ္စည်းလေးတွေနဲ့ …

အမေရိကန်မှာတော့ လက်လုပ် Valentine’s Dayလက်ဆောင်လေးတွေ အပြန်အလှန်ပေးကြတဲ့
ဓလေ့တစ်ခု (၁၇၀၀)ပြည့်နှစ် အစောပိုင်းကာလမှာ ခေတ်စားလာခဲ့ပါတယ်။
သမိုင်းမှတ်တမ်းတွေအရတော့ ပထမဆုံး Valentine’s Dayလက်ဆောင်ကို
စပြီးတီထွင်တဲ့သူဟာ အမေရိကန်နိုင်ငံသား Esther A. Howlandဆိုတဲ့
ပုဂ္ဂိုလ်ဖြစ်ပါသတဲ့။ နောက်ပိုင်းမှာတော့ ကတ်တွေပို့တာ၊
လက်ဆောင်လေးတွေလဲတာဟာ ချစ်သူများနေ့ရဲ့ မပြောင်းလဲနိုင်တော့တဲ့
အထိမ်းအမှတ်တွေ ဖြစ်လာပါတော့တယ်။ Greeting Card Associationရဲ့
ခန့်မှန်းချက်အရ Valentine’s Dayအတွက် အထိမ်းအမှတ် ပို့စ်ကတ်လေးတွေ
ပေးပို့ကြတာဟာ နှစ်စဉ် ကတ်အရေအတွက် သန်း(၁၀၀၀)ကျော်ထိ ရှိတတ်ကြောင်း
သိရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ခရစ္စမတ်ကတ်လေးတွေပြီးရင် အများဆုံးပါပဲ။
စိတ်ဝင်စားစရာ တစ်ခုကတော့ Valentine’s Day လက်ဆောင်လေးတွေအတွက်
ငွေပေးချေသူဦးရေရဲ့ (၈၅)ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေတယ်
ဆိုတာပါပဲ။

တဖြည်းဖြည်း ကျယ်ပြန့်လာကြတာ …
အမေရိကန်မှာ Valentine’s Dayကို စည်စည်ကားကား ကျင်းပကြသလို ကနေဒါ၊
မက္ကစီကို၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနိုင်ငံတွေမှာလည်း ပျော်ရွှင်စွာ
ဆင်နွှဲကြပါတယ်။ နောက်တော့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့
အာရှနိုင်ငံတွေထိ ကူးစက်ပြန့်နှံ့လာပြီး ခုဆိုရင် Valentine’s Dayဟာ
တစ်ကမ္ဘာလုံးမှာရှိတဲ့ ချစ်သူစုံတွဲလေးတွေအတွက် ရင်ခုန်ဆွတ်ပျံ့စေမယ့်
အထိမ်းအမှတ်နေ့ကလေးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပါပြီ။ ရှင်တော်
Valentineဆီကတဆင့် သန္ဓေတည် မွေးဖွားလာတဲ့ ချစ်ခြင်းမေတ္တာပြယုဂ်
နေ့ထူးနေ့မြတ်ကလေးဟာ လူသားတွေရင်ထဲမှာ အချစ်ရှိနေသ၍ ဘယ်တော့မှ
မပျောက်ပျက်နိုင်တော့မယ့် ရက်စွဲလေးအဖြစ် ထာဝရတည်ရှိနေဦးမှာ အသေအချာပါပဲ။

အချစ်က
ရင်ခုန်စွတ်ပျံ့မှုတွေနဲ့ သိမ်သိမ်မွေ့မွေ့ လှတယ်...
ဘယ်လိုနတ်ဘုရားမျိုးက စီမံခဲ့ပါလိမ့်....
လူတစ်ယောက်ကို
အခြားလူတစ်ယောက်က အကောင်းတွေပဲဖြစ်စေချင်တယ်ဆိုတဲ့
နူးညံ့ပါးလွှာတဲ့ မေတ္တာဓါတ်တွေကိုပေးတယ်....

အချစ်ဆိုတာ လူတစ်ယောက်ကို အကောင်းတွေပဲပေးချင်တယ်ဆိုတဲ့ မေတ္တာမနောကံ ပေးစွမ်းနိုင်သူဖြစ်တယ်....
Credit: forwarded mail ...

ဖေဖော်ဝါရီ၁၄..အမှတ်တရ........................

Saturday, February 12, 2011

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း



မကွေးခရိုင် နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဖွားမြင်ခဲ့သည်။ ကျေးလက်ပိုင်းရှိ ကြေးရည်တတ် လူကုံထံ မျိုးရိုးမှ ဆင်းသက်သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘေးများသည် ထင်ရှား ကျော်ကြားသော မျိုးချုစ် ပုဂ္ဂိုလ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဦးစွာ နတ်မောက်မြို့ မြန်မာ အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြား၍ အင်္ဂလိပ်စာပေ၊ ခေတ်မီသမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာများကိုယူကာ ဝိဇ္ဇာတန်းကို အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်ပင် ဥပဒေတန်းကို တက်ရောက် သင်ကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစောပိုင်းကာလ ပညာရေး ခရီးလမ်းသည် ဆုတံဆိပ်များ၊ ပညာသင်ဆုများ ဆွတ်ခူးနိုင်ခြင်းဖြင့် တောက်ပြောင်မှု ရှိခဲ့သော်လည်း တက္ဗသိုလ်သို့ ရောက်ရှိလာချိန်တွင်မှု တိုင်းပြည်တဝှမ်းလုံး၌ ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် နိုင်ငံရေး စိတ်ထက်သန်မှုနှင့် နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်လာခြင်းကြောင့် ပညာရေး ခရီးလမ်းမှာ မဖြောင့်ဖြူးဘဲ ဖြစ်ခဲ့ရသည်။ ကျောင်းသားတို့၏ ရပိုင်ခွင်များ၊ မကျေနပ်ချက်များ အတွက် လှုံ့ဆော်သောကြောင့် တက္ကသိုလ်မှ ထုတ်ပစ်မည် ဟူ၍ နှစ်ကြိမ်တိုင်တိုင် ခြိမ်းချောက် ခံခဲ့ရသည်။ အကယ်အားဖြင့်လည်း ရန်ကုန် တက္ကသိုလ်မှ သုံးနှစ်တာမျှ ယာယီ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ဤသို့ ထုတ်ပယ်ခံရခြင်းသည် ၁၉၃၆ ခုနှစ် အစောပိုင်း၌ တပြည်လုံးနှံ့ ကျောင်းသား သပိတ်ကြီး မှောက်ခဲ့ရမှု၏ လောလောဆယ် အကြောင်းရင်း တရပ် ဖြစ်သည်။ ယင်းကျောင်းသား သပိတ်ကြီးတွင် သူသည် ထင်ရှားသော ခေါင်းဆောင် တဦး ဖြစ်ပေသည်။ ယင်းသပိတ်ကြီးကြောင့် တနှစ် ပညာသင် ပျက်ခဲ့ရသည်။
ရန်ကုန် တက္ကသိုလ်တွင် ပညာသင် နို့သောက်စို့ရင်း သူသည် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ဗဌနှင့် ဥက္ဗဌ အဖြစ်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင် ထူထောင်သူ တဦးနှင့် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း အထူးထူးသော ကျောင်းသား အဖွဲ့အစည်းများ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသား အဖြစ်ဖြင့်ပင် ၁၉၁၈ ခုနှစ် အစောပိုင်းတွင် အစိုးရက ခန့်အပ်သော ယူနီဗာစီတီ အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ၌ အခြား ကျောင်းသား ကိုယ်စားလှယ် တဦးနှင့်အတူ ပါဝင်ခဲ့ပြီး ယူနီဗာစီတီ အက်ဥပဒေကို အတော်အတန် တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအက်ဥပဒေကို မြန်မာပြည် ဥပဒေပြု ကောင်စီက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအက်ဥပဒေကို ၁၉၂၀ ခုနှစ်နှင့် ၁၉၃၆ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သည် ပြည်လုံးနှံ့ ကျောင်းသား လှုပ်ရှားမှုများနှင့် သပိတ်မှောက်မှုများ၏ ရေသောက်မြစ်ပင် ဖြစ်ပေသည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘဝတွင် အင်္ဂလိပ် သတင်းစာ၊ မြန်မာ့ သတင်းစာများသို့ ဆောင်းပါးများ ပေးပို့ခဲ့သည်။ ထို့ပြင် ထိုစဉ်က ဗမာပိုင် ဗမာဦးစီး၍ အင်္ဂလိပ်ဘာသာဖြင့် ရက်သတ္တပတ်လျှင် သုံးကြိမ် ထုတ်ဝေသော အမျိုးသား စာစောင်ဖြစ်သည့် 'နယူးဘားမား' ဂျာနယ်၏ အယ်ဒီတာ အဖွဲ့တွင်လည်း အတန်ကြာ ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလတွင် သူသည် ဥပဒေတန်း တက်နေရာမှ ရုတ်တရက် ချက်ခြင်း ရပ်ပစ်လိုက်သည်။ ထိုသို့ ရပ်ပစ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ထိုစဉ်က တခုတည်းသော တက့်ကသည့်၊ အမျိုးသားစိတ် ပြင်းပြသည့် နိုင်ငံရေး ပါတီ ဖြစ်သော ဒို့ဗမာ အစည်းအရုံး (သခင်) ၌ ပါဝင်၍ အမျိုးသား လွတ်လပ်ရေးတည်း ဟူသော မျိုးချစ် လုပ်ငန်း အတွက် အလုပ်အကျွေး ပြုရန် ဖြစ်ပေသည်။
သူသည် ယင်းနိုင်ငံရေး ပါတီတွင်းသို့ ဝင်ရောက်ချိန်လောက်မှ စ၍ ၁၉၄၀ ခုနှစ်၊ သြဂုတ်လတွင် အဖမ်းမခံဘဲ တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်ရန် မြေလျှိုး သွားသည် အထိ ယင်းပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် သခင် ခေါင်းဆောင် တဦး အဖြစ် ၁၉၃၉ ခုနှစ် အစောပိုင်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသည်။ ထိုစဉ်က ထုတ်ပြန်သော အစိုးရ ကျေညာချက် အဆိုအရ 'အစိုးရအား အကြမ်းဖက်၍ တွန်းလှန် ဖြိုချရန် လုပ်ကြံမှု' ကို ခေါင်းဆောင်သူ တဦးအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သို့သော် များမကြာခင်မှာပင် ပြန်၍ လွတ်လာခဲ့သည်။ သခင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် သူအပြင်းအထန် လုပ်ခဲ့သည်မှာ သံသယ ဖြစ်စရာ မလိုပေ ဟူ၍ လည်းကောင်း၊ ဒို့ဗမာ အစည်းအရုံး (သခင်ပါတီ၏ တရားဝင် အမည်) အား ယခု လုပ်နေသည့် အဖျက်အဆီး အနှောင့်အရှက် လုပ်ငန်းမျိုးကို လုပ်ဆောင်နိုင်စေရန် ဖန်တီးခဲ့သူ သုံးဦး အနက် တဦးဖြစ်ပြီး၊ ပါတီ၏ အရေးကြီးသော ဆုံးဖြတ်ချက်နှင့် ပေါ်လစီပေါင်း များစွာကို ဖော်ထုတ်ရေး အတွက် တဝန်ယူခဲ့သည် ဟူ၍ လည်းကောင်း၊ ထိုစဉ်က အစိုးရ မှတ်တမ်းများ၌ ရေးသား ထားလေသည်။ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၏ အလုပ်အမှုဆောင် ကောင်မတီဝင် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၁၉၃၉-၄၀ ခုနှစ် အတွင်း ဒေါက်တာ ဗမော်နှင့် အတူ၊ ဗမာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်လိုကြသော ပါတီများ၊ အစိတ်အပိုင်များ စုစည်ထားသည့် ဗမာ့ ထွက်ရပ်ဂိုဏ်းကို ဦးဆောင် ဖွဲ့စည်းရာတွင် အဓိက ပုဂ္ဂိုလ် တဦး ဖြစ်သည်။ သူသည် ဗမာ့ ထွက်ရပ်ဂိုဏ်၏ အတွင်းရေးမှူး အဖြစ် မြေလျှိုး သွားခဲ့ရချိန် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ၏ ဖိတ်ကြားချက် အရ ယင်းပါတီ၏ ရမ်းဂါး ညီလာခံသို့ တက်ရောက်သည့် သခင် ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယပြည်ရှိ ဝါယာ၊ ဗာရာဏသီ၊ အလ႞ာဟာဘတ်၊ အဂ္ဂရာ၊ ဒေလီ၊ ပက်ရှဝါ၊ ခိုင်ဘာတောင်ကြား၊ လာအို၊ အမ်ရစ်ဆာ အာမက်ဒဘတ်၊ ဘုံဘေနှင့် ကာလ်ကတ္တားမြို့တို့သို့ ခရီးလှည့်ခဲ့သည်။ အိန္ဒိယပြည်မှ ပြန်လာခဲ့ရပြီးနောက် မြန်မာပြည် အတွင်း၌ နယ်ချဲ့ ဆန်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး လုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်ရင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ကိုယ်စားလှယ် အဖြစ်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင် အဖြစ် ကာလ အတန်ကြာ ဆောင်ရွက်ခဲ့သည်။ သူ့အား ဖမ်းဆီးရန် ဝရမ်း ထုတ်လိုက်ရာတွင် သူသည် ဝရမ်းကို တိမ်းရှောင်ကာ မြေလျှိုးခဲ့သည်။ ဤသို့ ဝရမ်းထုတ်သည့် အတွက် လူငယ်တို့ အတွင်း၌ မငြိမ်မသက် ဖြစ်မှုများ ပေါ်ထွက် လာရသောကြောင့် နောင်အခါတွင် ဝရမ်းကို ပြန်လည် ရုပ်သိမ်း ခဲ့စေကာမူ သူသည် မြေလျှိုး၍ပင် ဆောင်ရွက် နေခဲ့သည်။
သူသည် တရုတ်ပြည် အမွှိုင်မြို့သို့ တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲ အတွက် အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်နှင့် အကူအညီ ရရှိရန် ထွက်ခွာ သွားခဲ့ပြီး၊ ယင်းမြို့ရှိ အပြည်ပြည် ဆိုင်ရာ ဒေသတွင် နှစ်လခန့် နေထိုင်ခဲ့သည်။ ထို့နောက် မြန်မာပြည်ရှိ ရဲဘော်များ၏ စီစဉ်ပေးချက် အရ၊ ဂျပန်နှင့် အဆက်အသွယ်ရကာ ဂျပန်တို့က လာရောက်၍ သူ့အား တိုကျိုမြို့သို့ ခေါ်သွားခဲ့သည်။ တိုကျိုမြို့တွင် သုံးလခန့် နေရပြီးနောက် ဂျပန်တို့ ပေးအပ်လိုက်သော စီမံကိန်းကို မြန်မာပြည်ရှိ ရဲဘော်များ သိရှိစေရန် ၁၉၄၀ ခုနှစ် အစောပိုင်းတွင် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ များမကြာခင်တွင် သူသည် တိုကျိုသို့ ပြန်သွားခဲ့သည်။ မြန်မာပြည်တွင်း၌ တော်လှန် ထ့ကရေးကို ခေါင်းဆောင်နိုင်ရေး အတွက် ဂျပန်တို့၏ စစ်သင်တန်းသို့ တက်မည့် ပထမ အသုတ် လူငယ်တစုကို သူနှင့် တပါတည်း ခေါ်ဆောင် သွားခဲ့သည်။

၁၉၄၂ ခုနှစ် အစောပိုင်းတွင် သူသည် ဘန်ကောက်မြို့သို့ ရောက်ခဲ့ပြီး ဂျပန်တို့၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုမြို့၌ ဖွဲ့စည်းခဲ့သည်။ ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက် တိုက်ခိုက်သည့် အခါတွင် သူသည် ဂျပန်တို့နှင့် အတူ မြန်မာပြည်သို့ ချီတက် လာခဲ့သည်။ ဂျပန်ပြည်၌ ရှိစဉ်ကပင် သူနှင့် သူ့ရဲဘော်တို့သည် ဂျပန်တို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ကြသည် ဖြစ်ရာ ဂျပန်တို့ မြန်မာပြည်တွင်းသို့ ချီတက် ဝင်ရောက်ခဲ့ပြီး၊ မြန်မာပြည်သူတို့အား ပို၍ ပို၍ နှိပ်စက်ကလူ ပြုလာချိန်တွင်မူ ပဋိပက္ခ ဖြစ်မှုသည် ပိုမို ပြင်းထန် လာခဲ့လေသည်။ သူသည် မြန်မာပြည်တွင်းသို့ ပြန်မဝင်ခင်နှင့် ဂျပန်တို့ ရန်ကုန်ကို သိမ်းပိုက် ပြီးချိန်တို့တွင် ဂျပန် ဆန့်ကျင်ရေး လုပ်ငန်းကို စည်းရုံး လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း အထမမြောက်ခဲ့ချေ။ သို့သော် ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင်း၌
ဂျပန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှိနေကြောင်းကိုမူ တိုင်းပြည်က ကောင်းစွာ သိရှိ နေခဲ့ပေသည်။ ထိုအကြောင်းကြောင့် လည်းကောင်း၊ ထိုစဉ်က ဂျပန်စစ်ဗိုလ် ဦးစီးသော ဘီအိုင်အ၏ အာဏာသြဇာဖြင့် စစ်နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော 'ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့' အချို့၏ အလွန်အကျွံ ပြုမှုတို့ကို ချက်ကောင်းယူကာ ဘီအိုင်အေ အပေါ် ဆန့်ကျင်သည့် နိုင်ငံရေး ရန်သူများ၏ မသမာသော အကြံအစည် ပြုမူချက်များကြောင့် လည်းကောင်း၊ ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တပ်အင်အားကိုလည်း လျော့ချခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကြီး အဆင့်ဖြင့် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ကြီးမှူး ကွပ်ကဲ ခဲ့လေသည်။


၁၉၄၃ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါက်တာဗမော်တို့သည် အခြားပုဂ္ဂိုလ် နှစ်ဦးနှင့်အတူ၊ တိုကျိုမြို့သို့ လာရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ (မေဂျာဂျင်နရယ်) ဗိုလ်ချုပ်ကလေး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ဂျပန်ဘုရင်နှင့် တွေ့ဆုံခဲ့ရပြီး၊ တတိယအဆင့် တက်နေတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ တိုကျိုမြို့မှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်၊ တိုကျိုပြန်များအား ဂုဏ်ပြုသည့် ဧည့်ခံပွဲ တခုတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သို့ ရောက်ရှိလာတော့မည့် လွတ်လပ်ရေးသည် အနည်းနှင့် အများ အမည်ခံ လွတ်လပ်ရေး ဖြစ်လိမ့်မည် ဟူ၍ အရိပ်အ့မက်အားဖြင့် ပြောဆိုခဲ့သည်။ ထို့နောက် မြန်မာပြည် ကာကွယ်ရေးနှင့် သူကိုယ်တိုင် သေနာပတိ အဖြစ် ဆောင်ရွက်နေသော ဘီဒီအေတို့နှင့် ပတ်သက်သော ပြဿနာများကို တင်ပြရေး အတွက် လွတ်လပ်ရေး ပြင်ဆင်မှု ကော်မရှင်တွင် ပါဝင် ခန့်အပ်ခြင်း ခံရသည်။ ထိုနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးသည်ဆိုသော အခမ်းအနားတွင် သူသည် မေဂျာဂင်နရယ် (ဗိုလ်ချုပ်ကလေး) အဆင့်ဖြင့် စစ်ဝန်ကြီး ဖြစ်လာခဲ့ပြီး၊ လွတ်လပ်ရေး တနှစ်မြောက်သည့် နေ့တွင် ဂျပန်အစိုးရက အပ်နှင်းသော ပထမဆင့် ရတနာတံဆိပ်ကို အခြား ပုဂ္ဂိုလ်များနှင့်အတူ ရရှိခဲ့လေသည်။ သို့သော် ဗမာ့ လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမည်ခံ ဗမာ့ လွတ်လပ်ရေးကို ဖွင့်ဟ တိုက်ခိုက်ရင်း၊ ဂျပန် ဆန့်ကျင်ရေး မိန့်ခွန်းကို ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့လေသည်။ ထိုမိန့်ခွန်းသည် တိုကျိုမြို့ရှိ ဂျပန်အစိုးရ ရပ်ကွက်၌ပင် ဂယက်ရိုက် စေခဲ့သည်ဟု အဆို ရှိပေသည်။


၁၉၄၃ ခုနှစ်တွင် သူသည် ဂျပန် ဆန့်ကျင်ရေး၊ တော်လှန်ရေး လုပ်ငန်းကို စည်းရုံးရန် ထပ်မံ ကြံစည် အားထုတ်ခဲ့ရာ ၁၉၄၄ ခုနှစ်၊ သြဂုတ်လတွင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့လေသည်။ ၁၉၄၄ ခုနှစ် အကုန်လောက်တွင် သူသည် မဟာမိတ် စစ်ဌာနချုပ်နှင့် အဆက်အသွယ် ရခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် သူသည် ဂျပန် စစ်ဝါဒီတို့အား တိတိလင်းလင်း တော်လှန်သည်။ တော်လှန်ရေး တိုက်ပွဲကို ရှေ့ဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် ပုဂ္ဂိုလ် ၁၀ ဦးသည် ကန္ဒီမြို့သို့ သွား၍ ဗြိတိသျှ ဦးစီးမှု အောက်ရှိ မြန်မာ စစ်တပ်နှင့် (ပီဘီအက်ဖ်) ခေါ် မျိုးချစ် ဗမာ့ တပ်မတော် (ထိုစဉ်ကဂျပန်ကို တော်လှန်သည့် မြန်မာတို့၏ တပ်မတော်အမည်) ကို ပူးပေါင်းရေး အတွက် သဘောတူ စာချုပ် ခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ ကိုယ်စား လော့ဒီလူဝီမောင် ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဗမာ့ တပ်မတော် ဒုတိယ သေနာပတိချုပ် (ဒပျူတီ အင်စပက်တာ ဂျင်နရယ်) အဖြစ် ခန့်အပ်သည်။ သို့သော် သူသည် ရာထူးကို မိမိလက်ထောက် ပုဂ္ဂိုလ်များထဲမှ ပုဂ္ဂိုလ် တဦးအား ခန့်အပ်စေပြီး တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် ကြိုးပမ်းရန် တပ်မတော်မှ ထွက်ခဲ့လေသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် သူသည် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုနောက် တဖန် ကိုယ်စားလှယ် ပေါင်း ၁,၃၀၀ နှင့် စတင် ဖွင့်လှစ်သော နေ့တွင် လူထုပရိသတ် တသိန်းနီးပါး တက်ရောက်ခဲ့သော ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပသည့် ဖဆပလ အဖွဲ့ချုပ်၏ ပထမမြောက် ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ်ပင် အရွေးခံရပြန်သည်။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ၌ ပါဝင် ဆောင်ရွက်ရေး အတွက် ပုဂ္ဂိုလ် ၁၁ ဦး၏ အမည်ကို တင်သွင်းရန် အကြောင်းကြားခြင်း ခံခဲ့ရသည်။ သို့သော် ဘုရင်ခံထံမှ ကျေနပ်လောက်သော စည်းကမ်းချက်များကို မရသောကြောင့် သူသည် အမည် တင်သွင်းချက်ကို ပြန်လည် ရုပ်သိမ်း ခဲ့လေသည်။ သို့သော် ယင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်ခြင်းမှာ သူနှင့် သူဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ဖဆပလ အဖွဲ့ချုပ်တို့၏ နောက်ရှိ ပြည်သူတို့၏ အလိုအရ ဆောင်ရွက်ခြင်း ဖြစ်လေရာ၊ ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အစိုးရကပင်လျှင် ဖဆပလ အဖွဲ့ချုပ်၏ လူထု ထောက်ခံမှု ရရှိပုံကို ဗြိတိသျှ ပါလီမန် အတွင်း၌ မလွဲသာဘဲ ဝန်ခံခဲ့ရပြီး၊ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင်းသို့ ဝင်နိုင်စေရန် ဖဆပလ အတွက် တံခါးဖွင့်ထား နေသေးဆဲပင် ဖြစ်ပေသည်။
ယမင်းစာပေက နိုင်ငံရေး စာပေ ခွင့်ပြုချက် အမှတ် (၂၈၂) နဲ့ ပုံနှိပ် ဖြန့်ချိလိုက်တဲ့၊ မောင်မြဦး မြန်မာပြန်ခဲ့တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တဲ့ "မြန်မာ့ စိန်ခေါ်သံ" (Burma's Challenge by Aung San) စာအုပ်မှ "နိဒါန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း" ကို ပြန်လည် ကူးယူ လွှင့်ပေးလိုက်တာ ဖြစ်ပါတယ်။
-----------------------------------------------------------------

အသက် ၁၈ နှစ်ပြည့် ကျန်းမာရေးနှင့် ပြည့်စုံလျှင် လက်ခံရန် ရှိခြင်း


မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ် အောင်ဆန်းက အသံလွှင့် ဖြေဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း။

ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် ကျွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။


နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။
မငြင်းနိုင်သော အချက်တရပ်


အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။


ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။


လွတ်လပ်ရေး လက်တလှမ်း

သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေးတပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။

ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး ကျွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။
ကိုယ်တွေ့ (မျက်မြင်တခု)


ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အင်္ကျီနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ်ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။


လခကို မမျှော်ရဟု ဆိုခြင်း
စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။
အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။

ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။
စစ်သားကို နီပွန်တို့ ရိုသေပုံ


နောက်ဆုံး ကျွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။
ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္တု ။
▪ - ¤ - ▪

၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်" မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဆုံးမစကား“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်
ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။
ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ
ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့
အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က
ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့
အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား
နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ
ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား
အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း
မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့
ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”
“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့
စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊
အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့
တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး
ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး
အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ
နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။
စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ
မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို
ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ
မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။
နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ
အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”
“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို
ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။
ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့
ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ
ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို
ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊
လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။
ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ်
လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့
စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊
ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။
တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊
အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့်
စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့်
တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။
စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန်
ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ
ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။”
“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ
တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊
မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ
မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ
ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့
နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ
ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”
“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ
ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။
အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့
ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို
ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို
သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို
ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့
ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင်
ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”
“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ
ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့
ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း
ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့
ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ
မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ
နောက်ဆုံးစကားပဲ။”

http://zakawar.multiply.com/journal/item/111

ဗိုလ်ချုပ်အောင်ဆန်း၏ လူသိနည်းသော မိန့်ခွန်း(သမိုင်း)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေး ဖတ်ရတော့ နှစ်သက်မိလွန်းလို့
ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတို့အတွက် အမှာစာလေး ကို
မှတ်စုထဲလှန်လှောပြီး ဖော်ပြခဲ့ပြီးပါပြီ။ဗိုလ်ချုပ်အောင်ဆန်းဟာ
မြန်မာလွတ်လပ်ရေးအတွက် အချိန်တိုင်း စဉ်းစားလုပ်ကိုင်ခဲ့တယ်ဆိုတာ ယုံမှာ
သံသယ ဖြစ်ဖွယ်မရှိခဲ့ပါဖူး။လွတ်လပ်ရေးအတွက် နိုင်ငံရေးသမားဘ၀ကိုစွန့်ကာ
မြန်မာတပ်မတော်ကို အုတ်မြစ်ချ မွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ ဦးစောရဲ့
အဆင်မချင် ရူးမိုက်စွာလုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း
အကြောင်းကို မကြားဖူး မမြင်ဖူးတဲ့ ကျေးရွာလူမိုက်တွေ လက်ထဲကို သေနက်အပ်ကာ
လုပ်ကြံခဲ့လို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်အောင်
ဆုံးရူံးခဲ့ရလေသည်။ဗိုလ်ချုပ်အောင်ဆန်းပြောလို့ပြီးတဲ့ စကားတခွန်း ကို
အခြားသူတယောက် အစားထိုးပြီး အခါတရာ ပြောလဲ မရနိုင်ပါ။ဗိုလ်ချုပ်ဟာ
အမျိုးသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို
လက်ရှိမြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့တဲ့ ဖခင်ပါ။ခုတော့ အဖေ ပေးတဲ့
မြေမှာ နေရင်း အဖေအကြောင်းလေးတွေ ရေးရင်း အဖေ့ ကို လွမ်းမိပါတယ်။အခုလဲ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိနည်းတဲ့ မိန့်ခွန်းလေး ကို
ကူးယူဖော်ပြလိုက်ပါတယ်။နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောလို့
နိုင်ငံရေးသမားလို့ ထင်တက်တဲ့ ခပ်ညံ့ညံ့ လူတွေထဲမှာ ညီကိုတို့ မပါဖူးလို့
ယုံကြည့်ထားပါ့မယ်။



သရက်ချောင်းရွာ မိန့်ခွန်း

စစ်ဝန်ကြီးနှင့် စစ်သေနာပတိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးသည်
တိုင်းအမှတ် ရ နယ်မြေဖြစ်သော သရက်ခရိုင်အတွင်းတွင် ဖွင့်လှစ်ထားသည်။
ဗိုလ်ချုပ်သည်အဆိုပါ စစ်ဌာနချုပ်စခန်းမှ နေကာ မြန်မာတပြည်လုံးရှိ
ဖတ်စစ်ဂျပန်စစ်ဆင်မှုများ ကို
ဦးစီးကွပ်ကဲလျှက်ရှိသည်။မျိုးချစ်မြန်မာ့ တပ်မတော် ပြည်သူတို့
အကူအညီဖြင့် ဖတ်ဆစ်ဂျပန်တို့ ကို တွေ့ရာ သချိင်္ုင်း ဓားမဆိုင်း
လိုက်လံတိုက်ခိုက်ခဲ့သည်။ အောင်ပွဲများလဲ
တစ်ခုပြီးတစ်ခုရရှိခဲ့သည်။ထိုအတောအတွင်း မဟာမိတ် များ၏ ထိုးစစ်ကလဲ
တဖြည်းဖြည်းမြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းအထိ
ထိုးဝင်ရောက်ရှိလာခဲ့သည်။မျိုးချစ်မြန်မာတပ်မတော်နဲ့ အင်္ဂလိပ်တပ်များမှာ
ပူုးတွဲစစ်ဆင်ရေးအတွက်
နားလည်မှုယူထားပြီးဖြစ်သည်။အဂ်လိပ်တပ်များေ၇ာက်ရှိလာခြင်းကို
မျိုးချစ်တပ်မတော် အတွင်းရှိ အချို့
အရာရှိများက မိမိတို့ ကိုယ်ရေး ကိုယ်တာ အတွက် ၀မ်းမြောက်
စိတ်ကူးယဉ်လာကြသည်။တာဝန်မကြေဖြစ်ကြသည်။မျိုးချစ်တပ်မတော်၏
လုပ်ငန်းစဉ်းများကို မေ့လျှော့လာကြသည်။
ထို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁၀ ရက်နေ့တွင်
သရက်ခရိုင်၊ ကံမမြို့ အပိုင်၊ သရက်ချောင်းရွာတွင် တပ်စခန်းချနေသော
ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဌာနချုပ်စခန်းရှိ အရာရှိ အကြပ်တပ်သားများကို
ညနေ ၅နာရီတွင် တန်းစီစေကာ တော်လှန်ရေးကာလအတွင်း အပြတ်သားဆုံးသော
မိန့်ခွန်း ကိုပြောကြားခဲ့ပေသည်။
ရဲဘော်တို့............

ဒီနေ့ရဲဘော်တို့ ကိုဘာလို့တန်းစီးခိုင်းရသလဲဆိုရင်
အားလုံးရဲဘော်တွေရော ...ဗိုလ်ကြီးတွေ ...ဗိုလ်မှုးတွေဆိုတဲ့
ခေါင်းဆောင်ပိုင်းကပါ တာဝန်ယူထမ်းဆောင်ကြတဲ့ နေရာမှာ တော်တော့် ကိုပေါ့ဆဆ
လုပ်နေကြတာကို တွေ့ရမြင်ရ ကြားရလို့ဘဲ။
ပွဲဦးထွက် တော်လှန်ရေး အောင်ပွဲလေးတွေ ကိုရခဲ့ပြီး အဲ့ဒိအောင်ပွဲလေးတွေ
ဆင်နွှဲခဲ့နိုင်တာလောက်ကို တကယ်အောင်ပြွဲ့ကီးတွေလို့ထင်ပြီးအဲ့ဒိအောင်ပွဲ
အပေါ်တွေမှာ မိန်းမောနေတာ တွေ့ရတယ်။ ကိုယ်ကိုကိုယ် အထင်ကြီးပြီး
ဘ၀င်မြင့်နေတာ တွေ့ရတယ်။ရဲဘော်တို့ ......... ဒီလိုမိန်းမောနေရင်
အမှားကြီးမှားမယ်လို့ တိတိကျကျပြောရဲတယ်။
တချို့ကလဲ ဒီတော်လှန်ရေးပြီးရင် ' ပြီးပြီး ' လို့ထင်တဲ့ လူတွေက
ထင်ကြသေးတယ်။ဒါတင်မကဘူး။ အင်္ဂလိပ်စစ်တပ်တို့ ၊ အင်္ဂလိပ်အုပ်ချုပ်ရေးတို့
လာရင် ဗိုလ်တွေက ဗိုလ်ကြီး၊ ဗိုလ်ကြီးတွေက ဗိုလ်မှုး၊ ဗိုလ်မှုးတွေက
ဗိုလ်မှုးကြီးတွေဖြစ်ပြီး ၊ရာထူးတွေ အဆင့်အတန်းတွေ တိုးလားတော့မယ်
ထင်ပြီးတယောက်နဲ့တယောက် ခြေရာတိုင်းနေကြတယ်။ဒါတွေ ကိုကျုပ်သိတာ
အတော်ကြာပြီ၊ဒါပေမဲ့ ကျုပ်မပြောချင်သေးလို့ မသိဟန်ဆောင်နေခဲ့တယ်။စောင့်
ကြည့်ကြသေးတာပေါ့။ ရဲဘော်တို့ထင်သလို အရင်္ဂလိပ်လာရင် ရာထူးပဲတိုးကြမလား၊
သေနက်မောင်းပဲ ထပ်ချိုးကြရမလားဆိုတာ ဟိုအခါကျတော့ သိကြပါလိမ့်မယ်။
ဘယ်လောက်အထိတာဝန်မဲ့လုပ်နေကြသလဲဆိုရင် ဗိုလ်ဇေယျကိုကြည့ှ်၊ ကျုပ်က
တာဝန်နဲ့ လွတ်လိုက်တယ်။ ခုအထိပြန်မလာသေးဖူး။သူ့မယားရှိတဲ့
ဆားတွင်းတက်သွားတယ်လို့ ကြားရတယ်။ အဲ့ဒါသာကြည့်တော့။ ဟိုတနေ့ကလဲ
ဗိုလ်ဝင်းတယောက်ဟာ ရဲဘော် သုံးယောက်နဲ့ အမဲပစ်ထွက်တယ်။ သူတို့တွေဟာ
ပျော်ပွဲစားထွက်လာတယ်လို့များ ထင်နေကြလား မသိဖူး။အဲ့ဒါလောက်ထိအောင်
ရဲဘော်တွေဟာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပေါ့ပေါ့ဆဆ
ဖြစ်လာတာတွေ့ရတယ်။ရန်သူကို အထင်မကြီးသော်လဲ အထင်မသေးသင့်ဖူး ဆိုတာ အစဉ်
သတိချပ်စေချင်တယ်။အင်္ဂလိပ်အုပ်ချုပ်ရေးကိုမြော်ပြီး အတွေးလွန်မနေကြနဲ့။
နားအလယ် အလွယ်ဆုံးပြောလိုက်မယ် ''''''' အခုဂျပန်က ကျုပ်တို့တွေနဲ့
တိုင်းရင်းသား အားလုံးကို (.......) သွားပေမဲ့ ဆီဆွတ်လို့ တော်သေးတယ်။
အင်္ဂလိပ်လာယင် ဆီမဆွတ်ဘဲ (......) လိမ့်မယ် '''''''' ဒါဘဲ
ကျုပ်ပြောခဲ့မယ်။ ။
http://zakawar.multiply.com/journal/item/18





ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝ စရိုက်

“ကြည်
ပဲပြုတ်နဲ့ နံပြား စားချင်တယ်
အောင်ဆန်း”
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း
“အောင်ဆန်း” ဟု သူ၏နာမည်လက်မှတ် ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။
တစ်ခါက ဗိုလ်ချုပ်က သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်အား သူကြိုက်သော ပဲပြုတ်
နံပြား စားချင်ကြောင်း ပူစာလိုက်သည့် စာပင်ဖြစ်သည်။
“ ပူဆာ ” သည်ဟု ဆိုရခြင်းမှာ ‘ ဟေ့ ငါ ပဲပြုတ်နဲ့နံပြား
စားချင်တယ်၊မနက်စောစော အသင့်ဝယ်ထားလိုက် ‘ ဟု စစ်သူကြီး တစ်ဦးက စစ်သည်
ရဲဘော်ကလေး
အား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သှူု့ကို အလွန်
ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုး
ဖြစ်နေသောကြောင့် ပင်တည်း။
အထက်ဖော်ပြပါ စာတိုကလေးအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
စိတ်ဝင်စားသူ၊ လေ့လာသူ၊သူ့အကြောင်း ဟောပြောရေးသားသူမှန်သမျှ ကောင်းစွာ
သိကြပါသည်။
သို့သော် ယင်းစာတိုကလေးနှင့် ပတ်သက်၍
သဘောထားကွဲလွဲမှု၊အငြင်းပွားမှုများလည်း ရှိခဲ့ပါသည်။
သဘောထားကွဲလွဲမှု၊အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏
လက်ရေးဖြင့် စာတိုကလေးသည်ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသန
ဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။
ယင်းစာတိုကလေးနှင့် ပတ်သက်၍ အငြင်းပွားမှု အကြောင်း အနည်းငယ်မျှ ရှင်းပြလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသော စာတိုကလေးတွင်
ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည် မှန်သော်လည်းစာပါအကြောင်းအရာက
နိုင်ငံရေး၊စစ်ရေး
နှင့် ဘာမှမဆိုင်။သူ၏တွေးခေါ်မျှော်မြင်ရေး ဒဿနဆိုင်ရာ
သုံးသပ်ချက်လည်းမဟုတ်။ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ထို့ကြောင့်
သည်လိုကိုယ်ရေးကိုယ်တာ ကိစ္စမျိုး
တွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
ရေးသားပြုစုခြင်း၊ဟောပြောခြင်းများမလုပ်သင့်၊နိုင်ငံရေး၊စစ်ရေး သို့မဟုတ်
အတွေးအခေါ်ပိုင်းဆိုင်ရာသဘောတရားမျိုးသာလျှင်
မှတ်တမ်းတင် ရေးသားသင့်သည်။ဟောပြောသင့်သည်။
ဥပမာ ဇူလိုင်၊၉၄ထုတ် နွယ်နီမဂ္ဂဇင်းမှ ကျွန်တော်၏ “ ငါးမူးတန်းမှ
ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း
အထက်ပါယူဆချက်အရကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား
ဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ် သက်ရောက်နေပါသည်။
ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။
“ ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ၊ကိုယ်ရေးကိုယ်တာကိစ္စ အကေးအဖွဲလေးတွေဆိုပြီး
ပစ်ပယ်လို့ မရဘူး။ဒါမျိုးတွေက ကာယကံရှင် ပုဂ္ဂိုလ်ရဲ့ ပင်ကိုယ်သဘာဝ စရိုက်
Character ကိုပေါ်လွင်စေတယ်။သူ့ရဲ့စိတ်ဓာတ်
အတွေးအခေါ်တွေအမြှော်အမြင်၊အယူအဆတွေကို ခန့်မှန်းလို့ရတယ်။သူဟာ
ဘယ်လိုလူစားမျိုးလည်းဆိုတာ ရုပ်လုံးဖော်ရာမှာ
အထောက်အကူဖြစ်စေနိုင်တယ်။ကျုပ်သဘောထားကိုပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့
ပတ်သက်လို့ နောင်လာနောက်သားတွေ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သား
နိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေကအစ
မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်”
ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော် ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။
ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို
ခန့်မှန်း၍ရနိုင်မည့် ကျွန်တော်၏ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို
ဖော်ထုတ်တင်ပြလိုက်ရပါသည်။
ဥပမာဆိုလျှင်-
* ………….*…………….*…………….*
၁၉၄၆ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှ
ဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့
ဗိုလ်အောင်
ကျော်လမ်းရှိအတွင်းဝန်ရုံး(ယခု ၀န်ကြီးများရုံး)သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင်အခေါ်အဝေါ်)မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ
ဖြစ်ပါသည်။( ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမ
တက်ပါ။ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ
ဦးဆောင်စည်းဝေးရပါသည်။လွတ်လပ်ရေးမရသေးမီကာလဖြစ်၍ “ ဘုရင်ခံ၏
အမှုဆောင်ကောင်စီ”ဟုခေါ်သော်လည်း
စင်စစ်အားဖြင့် အစိုးရအဖွဲ့(ကတ်ဘိနက်)ပင်ဖြစ်ပါသည်။ဗိုလ်ချုပ်၏တာဝန်က
ဝန်ကြီးချုပ်၊ကာကွယ်ရေးဝန်ကြီး၊နိုင်ငံခြားရေး ၀န်ကြီးအဖြစ်
ဝန်ကြီးဌာနသုံးခုကို တာဝန်ယူရ
သဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ဗိုလ်ချုပ်သည် မွန်းလွဲသုံးနာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်
ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ခြင်းပင်
သူ၏ရုံးခန်းတွင်းသို့
လျင်မြန်သွက်လက်စွာ ၀င်သွးလိုက်ပါသည်။
ထိုနေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့်
ဖိုင်တွဲများအားလုံး လေ့လာ၍ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင်
စာရွက်စာတမ်းများ
ဖိုင်တွဲများရှင်းနေပြီ ဖြစ်သည်။
“ ဘာများလဲ ဗိုလ်ချုပ် ”
ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည်
ဝန်ကြီးတစ်ဦးက သူ့ပီအေ(အပါးတော်မြဲ)ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ
ရင်းနှီးသော ကျောင်းနေ
ဘက်သူငယ်ချင်းကို ရင်ဖွင့်ပြောသလို ဟန်မျိုးဖြင့်
“ ငါအခုဗိုက်ဆာလို့ တစ်ခုခု စားချင်တယ်ကွာ ”ဟုပြောပါသည်။
ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော် ချက်ချင်းရိပ်မိလိုက်ပါပြီ။
ထိုနေ့နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ဆရာတပည့် နှစ်ဦးအား
နံနက်စာထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က
(ထိုအချိန်ကဈေးအပေါဆုံး ဟင်း
လျာတစ်ခုဖြစ်သည့်)ဘဲဥ ဟင်းနှင့် ကျွေးခဲ့ပါသည်။ဗိုလ်ချုပ်သည် ဘဲဥဟင်းကို
မကြိုက်၍ဘဲလားမသိ။ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ
ထလိုက်သဖြင့်
ကျွန်တော်လည်း ကဗျာကယာ လက်ဆေး၍ ရုံးသွားရန်ပြင်ဆင်ခဲ့ရပါသည်။နံနက် ၁၀
နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည်
တစ်နေကုန်နီးပါး ဆက်တိုက်
အလုပ်လုပ်နေရချိန်တွင် ဘာမျှမစားမသောက်ရသောကြောင့် ဆာလောင်ပြီး
ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။
{မှတ်ချက်……ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း
ယင်းလစာငွေကိုကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက်
မအောက်အောင်
စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်ကူပါ။နေ့စဉ်နဲ့အမျှ လာရောက်သော
ဧည့်သည်များ၊ရဲဘော်များအားလည်း ဧည်ံခံကျွေးမွေးရသောကြောင့်
လကုန်ခါနီးရက်များ
ဆိုလျှင် အထူးခြိုးခြံ ချွေတာရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင်
အထူးခြိုးခြံချွေတာရပါသည်။ထို့ကြောင့် ကျွန်တော်တို့အား
ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်
ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။စာရေးသူ )
ကျွန်တော်သည် ဗိုလ်ချုပ်ကို ကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။သူ့ခမျာ
တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ်
ဖြစ်ပေါ်လာမိပါ
သည်။
“ ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ
တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်သည်။
“ဘာလဲ ၊မင်းကငါ့ကို ၀ယ်ကျွေးမလို့လား၊၀ယ်ကျွေးရအောင် မင်းမှာ
ပိုက်ဆံကောရှိလို့လား ”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။သူသည်
လိမ်ပြောခြင်းကို လုံးဝမကြိုက်။မှန်ရာကိုသာ ပြောမှ သဘောကျသူဖြစ်၍
ကျွန်တော်တို့
လူငယ်တွေကလည်း သူ့အားလိမ်မပြောဝံ့ကြပါ။သို့ရာတွင် ထိုနေ့ကတော့ သူဗိုက်ဆာ၍
တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည်
ဘာဘဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကို မပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါ ပါတယ်၊ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ ”
ကျွန်တော်က ခပ်တည်တည်နှင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ရင်း
ပြောလိုက်ပါသည်။အမှန်က ကျွန်တော်၏ အကျ င်္ီအိတ်ထဲတွင် ငွေ ၅ ကျပ်တန်
တစ်ရွက်နှင့်
ကျပ်တန်နှစ်ရွက် စုစုပေါင်း ငွေ ၇ ကျပ်သာ ရှိပါသည်။သို့သော် ကျွန်တော်က
မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။
“ ဟုတ်လား ၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း( ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ်
စားချင်တယ်ကွာ ”
“ ဟုတ်ကဲ့၊ ဒါဆိုရင် ရပါတယ် ၊ကျွန်တော့်မှာ
ပါတဲ့ငွေနဲ့လုံလောက်ပါတယ်၊ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း)သွားစားပြီးမှ
အိမ်ပြန်ကြတာပေါ့၊ကိုင်း လာပါ ဗိုလ်ချုပ် ”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ ၄ နာရီထိုးရင် တံခါးတွေပိတ်လိုက်တော့” ဟု
ညွန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံး အောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကား မောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့်
အိမ်မှရုံးသို့အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ထို့ကြောင့်
အပြန်လည်း
ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း(
ရွှေဘုံသာလမ်း)၊ဒါလဟိုဇီလမ်း(မဟာဗန္ဒုလလမ်းထိပ်)အနီး ဗလီကြီးအောက်ရှိ
ပလာတာဆိုင်သို့ တိုက်ရိုက် မောင်းသွား
လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော
ပလာတာနှင့် ခပတ်ကိုကျွေးရန်မည်သို့မည်ပုံ ပရိယာယ်ဆင်ရမည်ကို ကြိုတင်
အကွက်ချပြီးဖြစ်သည်။
မဂိုလမ်း (ရွှေဘုံသာလမ်း)ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ
ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော
ဆိုင်ဖြစ်ပြီး ဆိုင်
ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ယင်းအချက်ကို အားကိုးပြီး
ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာဖြင့် လာခဲ့ခြင်း ဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့်
ခရီးဦး ကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း
စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်
ယောက်လျင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီနှစ်ယောက်အတွက်
နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့်
ငွေသိမ်းကောင်တာ
တွင် ထိုင်နေသူ ဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်ပါသည်။
“ ဒီမယ် ခင်ဗျား ကျုပ်ကို သိတယ်မဟုတ်လား၊ဒီဆိုင်မှာ စားနေကျ
ဖောက်သည်တစ်ယောက်ပဲ၊ဟိုမှာထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ
ခင်ဗျားသိမှာပေါ့၊အခု
သူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်၊ခက်တာက ကျုပ်မှာ
ပိုက်ဆံအလုံအလောက် မပါဘူး။ဒါကြောင့် ကျုပ်တို့အခုစားလို့ ကျသင့်တဲ့ငွေကို
နက်ဖြန်ကျ
မှ ကျုပ်လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင်
ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ၊ကျုပ်မှာ ပိုက်ဆံမပါတာကို
သူမသိစေချင်ဘူး ”
ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား
တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“ စိတ်ချပါ ဆပ်၊ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ၊ရပါတယ်၊
ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပြီးပြီလို့ ဖြေပါ့မယ်”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့
ပြန်လာခဲ့ပါသည်။
ပလာတာနှင့်ခပတ် နှစ်ပွဲ ရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့်
စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ကျွန်တော်လည်း ကိုယ့်
ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ
မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့်
ဆုံးဖြတ်ထားသူ ကျွန်တော်တို့
၏ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက် အနေဖြင့် သနားစရာ
ကောင်းလှပါသည်တကားဟု စိတ်ထဲမှ ကျိတ်၍မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။
ကျွန်တော်စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း
ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တစ်ခါတည်း
ငွေရှင်းပေးခဲ့ပါတယ် ” ဟုပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့်
စီစဉ်ထားသည့်အတိုင်း အချက်ပြ
ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက် လျှောက်လာပြီး ဗိုလ်ချုပ်အား
ရိုသေစွာဆလံပေး အလေးပြုရင်း
“ပိုက်ဆံရှင်းပြီးပါပြီ” ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
“ဘယ့်နှယ့်လဲ ဗိုလ်ချုပ် စားလို့ ကောင်းပါရဲ့လား ”
ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း
“ အေးကွ၊ မစားရတာကြာလို့လားမသိဘူး၊အလွန်စားလို့ကောင်းတယ် ” ဟု
ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း
တာဝါလိန်းလမ်း(နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။
နောက်တစ်နေ့နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း
ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော
ပလာတာနှင့်ခပတ်ဖိုး
ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။


*………………..* ………………………*
၁၉၄၆ခုနှစ်၊မတ်လက ဗိုလ်ချုပ် အောင်ဆန်းသည် သခင်မြ၊ဟင်္သာတ ဦးမြ၊
ဦးအောင်ဇံဝေစသော ဖဆပလအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ
စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည် ဖော်ထုတ်တင်ပြလိုပါသည်။
ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့ အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော
အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ
တိုင်းခန်းလှည့်လည်သလို လေယာဉ်၊ မော်တော်ယာဉ်၊မီးရထား၊ မီးသဘောင်္ စသည့်
အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ
သွားခဲ့ရပါသည်။သို့
သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းဆင်းရဲစွာ ခရီးသွားရသည်ကို
လုံးဝမငြီးငြူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျုးဖွယ်
ကောင်းလှပါသည်။စစ်အတွင်းဂပန်
ခေတ်က သူသည် တပ်မတော် သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် မောရစ် ၂၅ အမျိုးအစား
အနက်ရောင် ဆလွန်းကားကြီးကို အလံ ၃ ခု ဆင့်လွှင့်လျက် ဒီးနင်းသွားလာခဲ့ရသည်
ကိုလည်း ပြန်လည်သတိမရ၊မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား
ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း၊ရခိုင်ဘက်တွင်လည်း
နွားလှည်းတစ်လှည့်၊ခြေကျင်
တစ်ခါသွားလာပြီး စည်းရုံး ဟောပြောရခြင်းကို လုံးဝ စိတ်ဓာတ်မကျဘဲ
ပျော်ရွှင် ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။
( မှတ်ချက်…အလံ၃ ဆင့် ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏
မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့
ဗိုလ်ချုပ်အောင်ဆန်း၏ ကားတွင်လည်း စစ်ဖက်ရာထူး
မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)အလံ၊တပ်မတော်သေနာပတိ အလံနှင့် အစိုးရအဖွဲ့ဝင်
စစ်ဝန်ကြီးအလံဟူ၍ အလံ ၃ခု ဆင့်၍
လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည်။စာရေးသူ)
ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့ ပတ်ဝန်းကျင်တစ်ဝိုက်
နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့
မပြန်မီ တောင်ဘက်သံတွဲ
တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌
ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ
ပါမောက္ခ
ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ်၊သံတွဲဒေသတွင်
ရေလမ်းမှ ခရီးသွားခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ
ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန်
သဘောတူလိုက်ပါသည်။
သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြသည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ
ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများ ပြင်ဆင်နေကြစဉ်
ဗိုလ်ချုပ်သည်
ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ ခေါ်၍ ခပ်တိုးတိုးမေးပါသည်။
“ဟေ့ကောင် ငါတို့အခုသွားရမယ့် ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား”
ဟုတ်ကဲ့ဗိုလ်ချုပ်၊ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံး ရေတိမ်ပြီး
ကမ်းနဲ့နီးနီးနေရာက သွားမှာပါ၊ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကို
ဖြတ်သွားရပါ
မယ်၊ဘေးအန္တရာယ်တော့မရှိပါဘူး၊ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့
ရာသီမို့ အဆင်ပြေမှာပါ
ကျွန်တော်ကခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကို ပြောလိုက်ပါသည်။
“ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆိုရင် မဖြစ်ဘူး ထင်တယ်ကွ ”
“ဘာဖြစ်လို့လဲ ဗိုလ်ချုပ် ”
“ဘာဖြစ်ရမှာလဲ၊ ငါက ရေမကူးတတ်ဘူးကွ၊ မတော်တဆ လှေမှောက်ရင် ဘယ်နှယ့်လုပ်မလဲ ”
ဗိုလ်ချုပ်က ခပ်တိုးတိုး ပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး
စိတ်မကောင်းဖြစ်သွားမိပါသည်။
ရေမကူးတတ်သူများအနေဖြင့် ရေလမ်းခရီးသွားရမှာ ကြောက်ခြင်းသည်
မဆန်းပါ။အထူးသဖြင့် ကမ်းနှင့်ဝေးဝေး ပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို
စိုးရိမ်မည်
ဆိုရင်လည်း စိုးရိမ်မိသည်မှာ သဘာဝကျပါသည်။
သို့သော် ခရီးက မသွား၍မဖြစ်။ဦးကျော်ရင်နှင့် ဒေသခံပုဂ္ဂိုလ်များက
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေငြာထားပြီးနေပြီ။
ကျွန်တော်
လည်း စဉ်းစားရင်း အကြံတစ်ခု ရမိသဖြင့်
“ ဗိုလ်ချုပ် ဒီမှာဘဲ ခဏစောင့်ပါ၊ ခရီးစဉ်ပြောင်းလို့ရရင်
ပြောင်းပြီးသွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ် ” ဟု
ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဥိးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။
အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ကျွန်တော်ကသာ စိတ်ကူးရသည့် အကြံကို
ခပ်တိုးတိုး
ပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်ပြပါသည်။
ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ် ပြန်လျှောက်သွားလိုက်သည်။
” ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာမရှိဘူး။ ကိုကျော်ရင်တို့အဖွဲ့နဲ့
တိုင်ပင်ပြီးပါပြီ၊ သွားမယ့်ခရီးစဉ်ကို လမ်းပြောင်းပြီး
သွားကြမယ်။အတွင်းဘက် ချောင်းငယ်တစ်ခုက
တဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ဒါပေမယ့်
ပင်လယ်ပြင် ဖြတ်စရာ မလိုတော့ဘူး ကျွန်တော်တို့ စိတ်ချလက်ချ
သွားနိုင်ကြပါမယ်၊ကဲ လှေ
တွေလည်း အသင့်ဖြစ်နေပြီ၊ သွားကြရအောင် ”
ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့
ခေါ်သွားလိုက်ပါသည်။ လှေဟာ တံငါလှေဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက
ဗိုလ်ချုပ်စီးသည့်အခါ
နေပူသက်သာအောင်ဆိုပြီး “ ပေါင်းမိုး” လှေဝမ်းအပေါ်တွင်အမိုးတပ်ဆင်ထားပါသည်။ ယင်းအစီအစဉ်ကြောင့် ပင်လျှင် ကျွန်တော်၏ အကြံအစည်
ချောမော အစဉ်ပြေသွားပါ
သည်။
လှေ၏ အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာ များရှိရာ ကျွန်တော်က
လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထား
လိုက်ပါသည်။
လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည် ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက်—-
‘ ဗိုလ်ချုပ် အခု သွားရမယ့် ရေလမ်းက နည်းနည်း ပိုဝေးလို့
အတော်ကြာကြာသွးရမယ်၊ ဒီအတိုင်း ထိုင်လိုက် သွားရင်လည်း ပျင်းစရာကောင်း
လိမ့်မယ်ဒီတော့
ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း၊ညတုန်းကလဲ စကားပြောနေကြတာ ညဉ့်နက်သွားလို့
အိပ်ရေးပျက်ခဲ့တယ် မဟုတ်လား၊ အခု အချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး
တစ်ရေးလောက် အိပ်လိုက်ပါ၊အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့
ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ် ‘ ဟု ပြောပြောဆိုဆို
ကျွန်တော်ကိုယ်တိုင် ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာ
နိုင်ငံရေး၊ စစ်ရေး ကိစ္စများတွင်သာ
သူကိုယ်တိုင်အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း
အခြားအသေးအဖွဲ လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ
ကျွန်တော်တို့ စီစဉ်ပေးသလိုသာ လုပ်လေ့ရှိ ခြင်းပင် ဖြစ်ပါသည်။
ပြည်တွင်းပြည်ပ ခရီးသွားလာရာ
တွင် ဆိုလျှင်လည်း ဘယ်အခန်းနားမျိုးကျလျှင် ဘယ်လို ၀တ်စားရမည်ကိုပင် သူမသိသဖြင့်-
“ ဟေ့ကောင် လုပ်စမ်းပါဦးကွ၊ ငါဘယ်လိုဝတ်ရမှာလဲ ” ဟုမေးလျင် ကျွန်တော်က
ဝတ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။
ဗိုလ်ချုပ်သည်
ဘာမျှမပြောဘဲ ကျွန်တော် ပေးသောအ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။
တစ်ခါတစ်ရံ နက်ကတိုင် လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင်
ကျွန်တော်ကပင်
ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည်
နိုင်ငံရေးကိစ္စကလွဲလျင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။
ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေး
သည့်အတိုင်း လိုက်လုပ်တတ်ပါသည်။
ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမော
အိပ်ရင်းအနားယူပါဟု ပြောတော့လည်း သူသည်ဘာမှမပြောဘဲ လှအိပ်ချလိုက်ရာ
ပင်ပန်း၍လား
မပြောတတ်၊ ချက်ချင်းကိုပင် အိပ်ပျော်သွားရှာပါသည်။
သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ၊လှော်ခတ်သူ လူငယ်များအား
စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကို ဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။
ဗိုလ်ချုပ်ခမျာ ဘာမျှမသိ၊ ကျွန်တော်ပြောသလို
ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းလေးထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျက်
စိတ်ချလက်ချ အိပ်ပျော် သွားရှာပါ
သည်။မစ်ဝကျွန်းပေါ်လိုနေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ
ရေကူးတတ်ရုံမက ကျင်လည်စွာ ကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်
ရေရှား၊အင်းအိုင် မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း
နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ
မဆန်းပါ။တက္ကသိုလ်ရောက်
တော့ ရေကူးကန်၊ရေကူးအသင်း (Swimming Club)လည်းရှိသဖြင့် အသင်းဝင်ပြီး
ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏ သို့ရာတွင် တက္ကသိုလ် သမဂ္ဂနှင့်
နိုင်ငံရေးကိုသာ စိတ်ဝင်
စားပြီး အချိန်ပြည့်လှုပ်ရှားနေသူ ကောလိပ်ကျောင်းသား ကိုအောင်ဆန်း
အနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးရန် အချိန်မပေးနိုင်ခဲ့ပါချေ။
ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို
မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။
တပ်မတော်သေနာပတိ စစ်သူကြီးတစ်ဦး ဖြစ်ခြင်းကြောင့် ရေမကူးးတတ်ဘဲ
ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍ မရပါ။ယင်းကိစ္စနှင့်
ပတ်သက်၍ ကျွန်တော် သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည်
ကျွန်တော်တို့အား ထပ်တလဲလဲ ပြောလေ့ရှိသော…
“ လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို
မြတ်နိုးမှုပဲဖြစ်တယ်၊အခြေအနေအချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ
ပြောဝံ့တဲ့သတ္တိ ရှိရမယ်”
ဟူသော သွန်သင်ဆုံးမချက်၊အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့်(
Character and Love of Truth) ဟု ပြောခဲ့သည့် အတိုင်း ယခုလည်း
သူသွန်သင်ဆုံးမသလို ကိုယ်တိုင် လက်တွေ့လုပ်ပြသွားခြင်း ဖြစ်သည်ပါတကား ဟူ၍ပင် ဖြစ်ပါသည်။
*……………………*…………………….*
ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီး ပြောသလို
အသေးအဖွဲကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာ
ဝစရိုက်ကို ပေါ်လွင်စေသည် ဟူသော အဆိုအမိန့်ကို ဤ ဆောင်းပါးဖြင့် အလေးအနက်
ထောက်ခံလိုက်ရပါသည်။

ဗိုလ်ချုပ်မွေးနေ့ ...အမှတ်တရပါ......
အင်တာနက်ချစ်သူဝက်ဆိုဒ်(၀သုန်ဦးထံမှကူးယူတင်ပြသည်။)