လရောင်.စာရေးဆရာမမဟုတ်ပါစိတ်ထွက်ပေါက်လေးတစ်ခုလုပ်ထားတာဖြစ်တဲ့ အတွက်မျက်စိလည်လမ်းမှားရောက်လာသူအားလုံးကိုကျေးဇူးအထူး...

Sunday, January 2, 2011

ဝဋ်ကြွေး.... ၁။

ဘာလိုလိုနဲ့ ..ကိုယ့် နိုင်ငံကထွက်ခဲ့ တာ..
နှစ်နှစ်တောင်ပြည့် တော့ မယ်...
အချိန်တွေကုန်လွယ်လိုက်တာနော်...
မရောက်ခင်ကလည်းလာချင်ကြတယ်..
ရောက်ပြီးသားလူတွေကလည်း...
အခြေကျရင်ပြန်ချင်ကြတယ်...
ဒါပေမယ့် တကယ်ပြန်မလားမေးရင်လည်း...
ဘယ်သူမှပြန်ချင်ကြတာမဟုတ်ပဲ...
ဘယ်နေရာရောက်ရောက်..
ဗမာ..ဗမာ...
အင်း...အကျင့် တွေဆိုတာ..ပြုပြင်ပြောင်းလဲလို့ ရလား...
တခါတလေ...တွေးမိပါရဲ့ ...
ဒါပေမယ့် ...
ပြန်စဉ်းစားကြည့် ရင်..
မြန်မာပြည်က..bus တွေကြပ်တာမုန်းတယ်...
မန္တလေးမှာဖုန်တွေထူတာမုန်းတယ်....
connection မကောင်းတာမုန်းတယ်...
ပြီးတော့ ......
...........................
....................မုန်းတယ်...
...သံရုံးသွားရမှာကိုလည်း...မုန်းတယ်...
တစ်ခါတစ်လေ...ကိုယ့် ကိုကိုယ်လည်း...
မုန်းတယ်.....
မှတ်ချက်။ ။ ဟိုတစ်နေ့ က..သံရုံးသွားတယ်...
ထွက်သွားတာ က ၆ ခွဲ.. MRT စီး..ပြီးတော့ လမ်းလျှောက်...
၇ ခွဲရောက်... ၈ နာရီမှ ..၀န်းတံခါးဖွင့်  ၉ နာရီမှရုံးဖွင့် ..
တန်းစီပေါ့ ...၁၀ နာရီမှ စပြီးတိုကင်ပေးတယ်ရှင်...
၁၅ ရက်တောင်ခွာချိန်းတယ်
အဲဒီနေ့ မှပြန်လာပါတဲ့ ...form တင်ဖို့ ...ဓာတ်ပုံလဲရိုက်ရမယ်..
၉ ခွဲမတိုင်ခင်လာပါတဲ့ ..ညနေကျလဲတခေါက်တဲ့ ....
တနေကုန်ပေါ့ ....၀ဋ်ကြွေးရှိသမျှခံပေါ့ ... :P
ဒါက...ပထမဆုံးအခေါက်...

No comments:

Post a Comment