လရောင်.စာရေးဆရာမမဟုတ်ပါစိတ်ထွက်ပေါက်လေးတစ်ခုလုပ်ထားတာဖြစ်တဲ့ အတွက်မျက်စိလည်လမ်းမှားရောက်လာသူအားလုံးကိုကျေးဇူးအထူး...

Wednesday, January 19, 2011

ဝဋ်ကြွေး.....၂။။။

ပထမတစ်ခေါက်သွားတာက..
၂၉..ဒီဇင်ဘာ...ဒုတိယတစ်ခေါက်က...၁၄ ဇန်န၀ါရီ...
ဒါတောင်..permit expire နီးလို့ ..မြန်မြန်ချိန်းတာရှင်..
၉ ခွဲအရောက်ဆိုတော့ ..၈ခွဲထဲကစထွက်ရတာပေါ့ ...
MRT ...ရောက်ဖို့ လမ်းလျှောက်..ပြီးတော့ ..နှစ်ဆင့် ပြောင်းစီး..
ပြီးတော့ ..လမ်းဆက်လျှောက်ရသေး..
ရောက်တော့ တန်းစီ..ပြီးတော့ ...FORM ယူဖို့ က..အရင်နေ့ ကပေးတဲ့ တိုကင်နံပါတ်ပါတဲ့ စာရွက်ရယ်
PASSPORT မိတ္တူရယ်...PERMIT မိတ္တူရယ်ပေးရတယ်ရှင့် ..
အမှန်ကတော့ FORM လေးပဲယူခဲ့ ရတာ..ညနေ..၃နာရီမှပြန်လာပါတဲ့ ..
ဓာတ်ပုံရိုက်..အခွန်ဆောင်ရမယ်တဲ့ ..
ဘယ်လောက်အခွန်ဆောင်ရမယ်ပါပြောလိုက်လေရဲ့ ..
ဓာတ်ပုံတပုံတော့ လိုတယ်..FORM မှာကပ်ဖို့ လေ...
ဒီလိုဆိုတော့ လဲ..ပြန်ပေါ့ ...
အိမ်မှာ..FORM ဖြည့် ပေါ့ ...
LECTURE လဲပြန်တက်ရသေး..
ူLECTURE က...၂ခွဲစတော့ ..၃နာရီမှပြီးတယ်..
အဲဒီကနေပြန်သွားတော့ နဲနဲတောင်နောက်ကျနေပါရောလား...
မိုးကလဲသည်းလိုက်တာ...တကိုယ်လုံးရွှဲပေါ့ ...မတတ်မနိုင်ဘူးလေ..
ဒီမိုးကတိတ်မှာမှမဟုတ်တာ...ဟိုရောက်တော့ 
ကိုယ့် နာမည်ကခေါ်ပြီးနေပြီ...ဒီတော့ ..နောက်တကျော့ ပြန်စောင့် ..
ဓာတ်ပုံဝင်ရိုက်...3 S$ ပေးရတယ်ရှင်..
ပြီးတော့ အခွန်ဆောင်..အဲဒီစာရွက်ကို..မိတ္တူ ပြန်ကူး
ပြီးတော့ ပြန်တန်းစီ..ပေးထားတဲ့ FORM ရယ်.PASSPORT မိတ္တူရယ်..PERMIT မိတ္တူရယ်ပေးပြီး
THUMB PRINT လုပ်ဖို့ ...
အဲဒီမှာ...လက်ဗွေနှိပ်..လက်မှတ်ထိုး...
ပြီးတော့ ...နောက်နေ့ ..ပြန်လာဖို့ ရက်ချိန်းပေးတယ်...
အဲ...PERMIT ကကုန်တော့ မှာမို့ ...OFFICE ကလဲတောင်းလှပြီ..
စာအုပ်မရရင်တောင်..RECOMMENDATION LETTER တောင်းခဲ့ ပါဆိုလို့ ..
တောင်းတော့ ..ဒီနေ့ သောကြာမို့ ...ပေးလိုက်ရင်လဲ MONDAY မှ..OFFICE ရောက်မယ်..
နောက်ရက်ချိန်းက WEDNESDAY ဆိုတော့ ..THURSDAY ပေးလို့ ရတယ်..သိပ်မကွာပါဘူးတဲ့ ..
ချိန်းနိုင်လွန်းတဲ့ ..သံရုံး..ဟွန်း...အဲလောက်စောင့် ရဖို့ များ..
တခြားဟာဆို..လရောင်တို့ ထားခဲ့ တာကြာပေါ့ ....ခုတော့ ...
:p...
လာဦးပေါ့ ..နောက်တစ်ခေါက်...

No comments:

Post a Comment