လရောင်.စာရေးဆရာမမဟုတ်ပါစိတ်ထွက်ပေါက်လေးတစ်ခုလုပ်ထားတာဖြစ်တဲ့ အတွက်မျက်စိလည်လမ်းမှားရောက်လာသူအားလုံးကိုကျေးဇူးအထူး...

Saturday, January 1, 2011

မင်းနားမှာ...poison တွေရှိတာသိရဲ့ လား..??

နေ့ တိုင်းနေ့ တိုင်းသေစေနိုင်လောက်အောင်အဆိပ်တွေပါတဲ့ အပင်တွေကလုပ်တဲ့ အစားအစာတွေ

စားမိနေကြတယ်ဆိုတာသတိထားမိရဲ့လားး။.ဒါပေမယ့် အဆိပ်ဖြစ်နိုင်လောက်အောင်လုံလောက်တဲ့ ပမာဏမဟုတ်ရင်

အန္တရာယ်မဖြစ်နိုင်ပါဘူး။.ဘာပဲဖြစ်ဖြစ်..တနေ့ တခြားလူတွေက..မစားသင့် တဲ့ တာတွေစားမိမလုပ်သင့် တာတွေလုပ်မိလို့ 

မဖြစ်သင့် တာတွေဖြစ်နေကြတာပဲ..ဟုတ်??...ဒါတွေရှောင်နိုင်ဖို့ ...နေ့ တိုင်းစားသုံးနေတဲ့ အစားအစာတွေထဲက..အဆိပ်ပါတာလေးတွေ

internet ထဲမှာတွေ့ လို့ ..သူငယ်ချင်းတို့ သတိပြုဖို့ .. ၁၀..မျိုးနော်..

၁၀။။။။။။ပီလောပီနံ..( cassava )













သူ့ ရဲ့ အရသာနဲ့ အနံ့ က..သူ့ မှာပါတဲ့ ( cyanogenic glucosides..)့အဆိပ်ဖြစ်စေတဲ့ ဓာတ်တမျိုးပါဝင်တဲ့ ပမာဏပေါ်မူတည်ပါတယ်..
တချို့ တွေကတော့ ..အင်းဆက်နဲ့ ပိုးမွှားတွေရန်ကကာကွယ်ဖို့ ..ပီလောပီနံခါးခါးကိုသုံးကြတယ်တဲ့ ..cyanide level..အများကြီးပါတဲ့ ပီလောပီနံတွေကသေစေနိုင်လောက်တဲ့ ထိ..အန္တရာယ်ရှိပါတယ်..သူ့ အဆိပ်ကြောင့် irreversible paralysis.လို့ ခေါ်တဲ့ 
လေဖြတ်တာမျိုးဖြစ်စေနိုင်ပါတယ်...

စိတ်ဝင်စားစရာအချက်က..ကမ္ဘာပေါ်မှာလူပေါင်း ၅၀၀ million လောက်ကအဓိကအစားအစာအနေနဲ့ စားသုံးနေကြပါတယ်..အထူးသဖြင့် indonesia နဲ့  U.S မှာ..ဟင်းရံအနေနဲ့ ရော..pancake လိုတမျိုး..cassava chip လိုမျိုး..

အမျိုးမျိုးနှစ်နှစ်ခြိုက်ခြိုက်စားသုံးနေကြပါတယ်..ပြီးတော့ သူ့ မှာကအာလူးနဲ့ ယှဉ်ရင် fiber နဲ့  potassium ပမာဏကနှစ်ဆပါတယ်တဲ့ ရှင်။

၉။။။။။။Pufferfish( မြန်မာလိုတော့ ငါးနာမည်သိဘူးရှင့် )









ဒီငါးကတော့ ကမ္ဘာပေါ်ကအဆိပ်ရှိတဲ့ ကျောရိုးရှိသတ္တ၀ါတွေထဲမှာ..နံပါတ် ၂ နေရာရှိပါတယ်တဲ့ ..
U .S မှာမတွေ့ နိုင်ပေမယ့် ..korea နဲ့  japan မှာတော့ အရသာရှိတဲ့ အစားအစာအဖြစ်စားကြပါတယ်..
ဒါပေမယ့် ဒီငါးရဲ့ အသည်းမှာပါတဲ့ အဆိပ်က..သေစေနိုင်လောက်ပါတယ်..တဲ့ ရှင်
ငါးမှာပါတဲ့ tetrodotoxin ခေါ်အဆိပ်ကတော့ ထုံကျင်တာ၊သွေးပေါင်တက်တာနဲ့ ကြွက်သားသေ တာတွေနဲ့  အတူ diaphragm muscle ခေါ်တဲ့ ကြွက်သားကို သေစေတာကြောင့် အသက်ရှုလမ်းကြောင်းရပ်သွားစေပြီးအသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်..

စိတ်ဝင်စားစရာအချက်က ..အာရှနိုင်ငံတော်တော်များများမှာမစားကြပါဘူး..တဲ့ 
japan မှာတော့ တရားမ၀င်အစားအစာအဖြစ်သတ်မှတ်ထားပါတယ်တဲ့ ရှင်။

၈။။။။။။မှို ( mushrooms )









U. S မှာတော့ မှိုမျိုးကွဲပေါင်း ၅၀၀၀ ကျော်ရှိတဲ့ ထဲက..၁၀၀ ကျော်ကအဆိပ်ရှိပြီး..ဒါဇင်အောက်ပမာဏကသေစေနိုင်တဲ့ အဆိပ်တွေရှိပါတယ်..မှိုကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာပြဿနာဖြစ်စေပြီး.အမျိုးပေါင်းများစွာရှိတဲ့ အတွက်ဘယ်မှိုမျိုးကအဆိပ်ရှိတယ်ဆိုတာပြောဖို့ ခက်ပါတယ်..အထူးသဖြင့် တော့ တောထဲကမှိုတွေကပိုပြီးအဆိပ်ရှိတာများတတ်ပါတယ်..မှိုမှာပါတဲ့ အဆိပ်က Alpha-amanitin လို့ ခေါ်ပြီးအသည်းကိုထိခိုက်စေပါတယ်တဲ့ ...

စိတ်ဝင်စားစရာအချက်က...မှိုအမျိုးပေါင်း 38,000 ရှိပြီးသူတို့ ထဲက 5% က အဆိပ်ရှိပါတယ်တဲ့ ရှင်။

၇။။။။။ သီဟိုဋ္ဌ်သရက်..( cashews )








သီဟိုဋ္ဌ်စေ့ ဆိုကတော့ မြေပဲဆန်လို nut မျိုးမဟုတ်တဲ့  အစေ့ seed ပါတဲ့ ရှင်.သူ့ မှာတော့  ivy ခေါ်တဲ့နွယ်ပင်တမျိုးနဲ့ oak ခေါ်တဲ့ ဝက်ချသစ်ပင်တွေမှာတွေ့ ရတဲ့  urushiol ခေါ်အဆိပ်တမျိုးရှိပြီးသူ့ ပမာဏများများစားမိရင်သေစေနိုင်လောက်ပါတယ်..
သီဟိုဋ္ဌ်အဆိပ်မိတာတော့ ရှားပါးပြီး..သူ့ ကို ကိုင်တွယ်ထုတ်လုပ်သူတွေအထူးသဖြင့် ..အခွံနွာတဲ့ နေရာမှာ..ပိုပြီးဖြစ်စေနိုင်ပါတယ်..

စိတ်ဝင်စားစရာအချက်က..တောင်အမေရိကမှာတော့ အသီးကိုစားပြီး..အစေ့ ကိုလွှင့် ပစ်ကြတယ်တဲ့ ရှင်။. :)

၆။။။။။။ငရုတ်သီး ( chilli )












ငရုပ်သီး၁တောင့် ၂တောင့် တော့ လူတိုင်းစားဖူးကြမှာပါ..စပ်တာပဲဖြစ်ဖြစ်မစပ်တဲ့ ငရုပ်သီးဖြစ်ဖြစ်..စားမိပြီဆိုတာနဲ့ ပူတာစပ်တာဖြစ်စေတဲ့  capsaicin ခေါ်တဲ့  ဓာတုပစ္စည်းတမျိုးစားမိပြီပေါ့ နော်..ငရုပ်သီးတစ်တောင့် ကြောင့် ပြဿနာမဖြစ်နိုင်ပေမယ့် 
capsaicin ပမာဏတွေများကြီးဆိုရင်တော့ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်..ဒီဓာတုပစ္စည်းက..သိပ်ပြင်းတာမို့ ရဲတွေတောင် pepper spray ဆိုပြီးသုံးကြပါတယ်..ငရုပ်သီးကိုင်မိတဲ့ လက်တောင်ပူစပ်ပူလောင်ခံစားရတာလူတိုင်းအသိပါနော..

စိတ်ဝင်စားစရာအချက်က...ငရုပ်သီးတစ်တောင့် ပါတဲ့ ဗီတာမင် C က ဗီတာမင် C တလုံးမှာထက် 6 ဆ..ပိုများပါတယ်တဲ့ 
၅။။။။။။အာလူးးးးးးး ( potato )











အာလူးရဲ့ ပင်စည် ၊ အရွက်တွေအပါအ၀င် အာလူးမှာပါ အဆိပ်တွေရှိတာသိကြရဲ့ လား။တချို့ အာလူးတွေအစိမ်းရောင်သမ်းနေတာတွေ့ ဖူးကြမှာပါ..အဲဒါက glycoalkaloid ဆိုတဲ့ အဆိပ်တမျိုးကြောင့် ပေါ့ .အာလူးဆိပ်ကြောင့် သေတာတော်တော်ရှားပေမယ့် အများစုကတော့ ..အရွက်ကိုရေနွေးကြမ်းခပ်သောက်တာရယ်..အစိမ်းရောင်အာလူးတွေကြောင့် ရယ်ပါ..သူကရုတ်တရက်တော့ ဟုတ်ဘူးရှင့် ..တဖြည်းဖြည်းအင်အားနဲလာမယ်ပြီးတော့ ..သတိမေ့ သွားမယ်..စိတ်တော့ သိပ်မပူပါနဲ့ နော်..အစိမ်းရောင်သမ်းနေတဲ့ အာလူးတွေကိုဖယ်ပြီးချက်ပြုတ်ရင်အန္တရာယ်မရှိပါဘူး..

စိတ်ဝင်စားစရာအချက်က....အာလူးကို အာကာသယာဉ်မှုးတွေအတွက်အထူးအစားအစာအဖြစ်သတ်မှတ်ပါတယ်တဲ့ . :P

ဘာလို့ လဲဆိုတော့  1995 မှာ columbia ကဂြိုဟ်ပတ်လမ်းမှာအာလူးပင်တွေယူသွားပြိးစိုက်ပျိုးကြီးထွားခဲ့ လို့ ပါ..ဟုတ်မဟုတ်တော့ မသိ

၎။။။။။။။မက်မွန်စေ့ .. ( almond )



မက်မွန်စေ့ ကတော့ ကမ္ဘာတလွှားကမီးဖိုချောင်တွေမှာကျော်ကြားတဲ့ ပစ္စည်းတစ်မျိုးပေါ့ ..သူကလဲသီဟိုဋ္ဌ်လိုအပူနဲ့ မထိတွေ့  ရရင်အဆိပ်ပြင်းပါတယ်။ပိုပြီးခါးတဲ့ မက်မွန်စေ့ တွေကပိုပြီးအဆိပ်ပြင်းပါတယ်.သူ့ မှာတော့  ပီလောပီနံလို cyanide အပြည့် ပါတာကြောင့် တချို့ နိုင်ငံတွေမှာ..တရားဝင်ရောင်းဝယ်ခွင့် ပိတ်ပင်ထားပါတယ်..

စိတ်ဝင်စားစရာအချက်က...မက်မွန်စေ့ ဟာ..သမ္မာကျမ်းစာတွေမှာတောင်ဖော်ပြခံခဲ့ ရတဲ့ အတွက်..အစောဆုံးစိုက်ပျိုးစားသုံးခဲ့ ကြတာပါတဲ့ ..ရှင်

၃။။။။။။ချယ်ရီသီး ( cherries )








ချယ်ရီ..သီးကိုအမျိုးမျိုးစားသုံးကြပါတယ်. ချယ်ရီဝိုင်တောင်ရှိသေး ဟုတ်?? ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် စားမိတာနဲ့ 
hydrogen cyanide..ဆိုတဲ့ အဆိပ်တမျိုးသင့် ခန္ဓာကိုယ်ထဲရောက်သွားပြီပေါ့ ..အဆိပ်မိလက္ခဏာတွေကခေါင်းကိုက်မယ်.၊ခေါင်းမူးမယ်၊စိတ်ရှုပ်ထွေးလာမယ်၊စိတ်လှုပ်ရှားမယ်၊ပြီးရင်အန်မယ်၊..ပိုပြီးပြင်းထန်ရင်တော့  အသက်ရှုခက်မယ်၊သွေးပေါင်ချိန်တက်မယ်၊နှလုံးခုန်နှုန်းမြန်မယ်၊အဆုံး..မှာတော့ ကျောက်ကပ်ပျက်စီးမယ်တဲ့ ရှင်.ပြီးတော့ ..သတိမေ့ သွားတာတွေ၊တက်တာတွေ၊ပြီးတော့ အသက်ရှူရပ်ပြီးသေတောင်သေစေနိုင်ပါတယ်တဲ့ ..

စိတ်ဝင်စားစရာအချက်က..ချယ်ရီသီးမှာ ခန္ဓာကိုယ်ပုံမှန်လည်ပတ်ဖို့  လိုအပ်တဲ့  melatonin ဓာတ်တွေအများကြီးပါပါတယ်

၂။။။။။။။ပန်းသီးးး ( apple )



ပန်းသီးဆိုတာကတော့ ဘယ်နေရာမှာဖြစ်ဖြစ် popular ပေါ့ နော်..ဒါပေမယ့် သူ့ မှာလည်း..cyanide တွေပါတယ်ရှင့် 
အသီးမှာတော့ မဟုတ်ဘူး..သူ့ ရဲ့ အစေ့ မှာ..ပန်းသီးတလုံးထဲက..အစေ့  တွေအားလုံးစားမိရုံနဲ့ ဘာမှမဖြစ်နိုင်ပေမယ့့် ပမာဏအများကြီးစားမိရင် ( ၀ါးပြီးမျိုချမိရင် )..ပြဿနာရှိနိုင်ပါတယ်..
စိတ်ဝင်စားစရာအချက်က..ပန်းသီးကရေမှာပေါလောပေါ်နိုင်ပါတယ်..ဘာလို့ လဲဆိုတော့ သူ့ ရဲ့ အလေးချိန် မှာအနည်းဆုံး 25% က လေ
( air ) တွေမို့ ပါ.. :P ဒါကြောင့် မို့ ပန်းသီးကိုအချစ် သင်္ကေံတသတ်မှတ်တာလားမသိ.. :)

၁။။။။။။။။။ခရမ်းချဉ်သီး ( tomato )



ခရမ်းချဉ်သီးကမီးဖိုချောင်တိုင်းမှာမပါမဖြစ်..ဟုတ် ? သူ ကိုယ်တိုင်မှာထက်..အရွက်နဲ့ ပင်စည်မှာပါတဲ့  glycoalkaloid ကအန္တရာယ်ဖြစ်စေတာပါ..အပင်ရိုင်းတွေမှာပိုပြီးတွေ့ ရပေမယ့် .စားသုံးဖို့ သက်သက်စိုက်ပျိုးတဲ့ အပင်တွေမှာလည်းတွေ့ ရပါသေးတယ်တဲ
သူ့ ကြောင့် အစာအိမ်မှာပြဿနာဖြစ်စေရုံသာမက..စိတ်ဂနာမငြိမ်လဲဖြစ်နိုင်ပါတယ်..

စိတ်ဝင်စားစရာအချက်က..1893 မှာ U.S က supreme Court မှာ.ခရမ်းချဉ်သီးဟာဟင်းသီးဟင်းရွက်လား ( vegetable ) သစ်သီးဝလံလား ( fruit ) လားလို့ ငြင်းခုံခဲ့ ကြပါတယ်။အမှန်တကယ်ရုက္ခဗေဒအရ..သစ်သီးဝလံ (fruit )ံဖြစ်ပေမယ့်  အခွန်ဆောင်ရတော့ ဟင်းသီးဟင်းရွက်အနေနဲ့ မို့ တရားရုံးကဟင်းသီးဟင်းရွက် ( vegatable )..လို့ အတည်ပြုခဲ့ ပါတယ်..တဲ့ ရှင်..ရီရတယ်နော်

မူရင်း link လေးပါ..

http://www.wonders-world.com/2010/03/top-10-poisonous-foods-we-love.to

မှားနေရင်လည်းဖြည့် ဖတ်ပေးနော်...လရောင်လည်းဆရာမကြီးမဟုတ်တော့ .. :)

ကြိုးစားပြီးဘာသာပြန်ကြည့် တာ...။။။

No comments:

Post a Comment